"အချစ်ရဲ့ဂရပ်မျဉ်း"
ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ယောက်က ရင်ဖွင့်တယ်
မိတ်ဆွေ။ ။ "ငါ့မိန်းမက ဂရုတော့စိုက်ပါရဲ့ ပူညံ ပူညံနဲ့ကွာ… သူ ဂရုစိုက်တဲ့အချိန်မှာ ပျော်ဖို့ကောင်းသလောက် ဆူပူနေတဲ့အချိန်ဆို စိတ်ညစ်ဖို့ကောင်းတယ်… တကယ်ပါပဲ…"
ကျွန်တော်။ ။ "ခင်ဗျားနှလုံးခုန်တိုင်းတဲ့ စက်ကို သိမှာပေါ့ …"
မိတ်ဆွေ။ ။ "အင်း"
ကျွန်တော်။ ။ "အဲဒီလိုပါပဲဗျာ… အဲဒီစက်မှာ ဂရပ်မျဉ်းတွေက တက်လိုက်ကျလိုက်ဖြစ်နေရင် အသက်ရှင်နေသေးတယ်… တဖြောင့်တည်း ပြနေရင်တော့ သေပြီပေါ့… ခင်ဗျားမိန်းမက အခုလို ပူညံ ပူညံ လုပ်လိုက် ကြင်နာလိုက်ဆိုတော့ အချစ်ရဲ့ ရှင်သန်မှုကို ပြနေတာပဲ…"
"ဘာမှ မဖြစ်တော့ဘဲ ငြိမ်သက်သွားပြီဆိုရင်တော့ အချစ်က သေဆုံးသွားပြီပေါ့…"
ကျွန်တော့မိတ်ဆွေ ကျေနပ်သွားပုံ ပေါ်ပါတယ်…
သူ… ဘယ်တော့ ကျွန်တော့ကို ပူညံ ပူညံ လာလုပ်ဦးမလဲတော့ ကျွန်တော်လည်း မသိပါဘူး…
Credit: သဲအောင်
Tuesday, October 13, 2015
"အချစ်ရဲ့ဂရပ်မျဉ်း"
Labels:
ချစ်မှုရေးရာ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment