"ချစ်သူထက် ဖုန်းကို ပိုတွယ်တာတဲ့စိတ်ကြောင့် သင့်အချစ်ရေး ပျက်စီးနိုင်"
သင်ဟာ ဘေးမှာရှိတဲ့ သင့်ချစ်သူထက် သင့်လက်ထဲက ဖုန်းကို ပိုခင်တွယ်နေမိပြီလား။ သူနဲ့အတူ ရှိချိန်တွေမှာတောင် ဖုန်းကို အွန်လိုင်းဖွင့်ထားပြီး ဖေ့စ်ဘွတ်ခ်သုံးနေတတ်သလို၊ instagram မှာ ပုံတွေ ကြည့်ဖြစ်နေတာမျိုး၊ အွန်လိုင်းဂိမ်းတစ်ခုခု ဆော့မိနေတာမျိုးတွေ လုပ်တတ်နေပြီလား။ ဒီလိုအကျင့်လေးတွေ ရှိလာပြီဆိုရင်တော့ သင့်ကို ခုချက်ချင်း ဒီအခြေအနေကနေ နိုးထပြီး သင့်အချစ်ရေး မပျက်စီးအောင် လုပ်ဆောင်ဖို့ သတိပေးလိုက်ပါရစေ။
စစ်တမ်းကောက်ယူချက်တွေအရ ဆိုရင်တော့ ခုလို လုပ်ဆောင်မှုတွေ၊ ချစ်သူနှစ်ဦး စကားပြောနေတုန်း တစ်ယောက်က ဖုန်းထုတ်သုံးပြီး တစ်ဖက်လူအပေါ် အလေးမထားသလို လုပ်ဆောင်မှုမျိုးတွေဟာ ကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေ ဖြစ်ပွားစေပါတယ်တဲ့။
ဒီတော့ သင့်အနေနဲ့ လုပ်ဆောင်သင့်တာတွေကို ပြောပြရရင်ဖြင့်
၁။ နှစ်ယောက်အတူ ရှိနေချိန်အတွင်း အင်တာနက်ဖွင့်ထားပြီး နိုတီတွေ တစ်တောင်တောင်မြည်နေခြင်းက ကင်းဝေးအောင် လုပ်ဆောင်ထားပါ။
နှစ်ဦးသား ကြည်ကြည်နူးနူး စကားပြောနေချိန်တောင်၊ တောင်ဆိုပြီး ဖုန်းထဲက အသံထွက်လာတာနဲ့ နှစ်ဦးစလုံးအာရုံက ဖုန်းကို ရောက်သွားပြီး တစ်ယောက်ကတော့ အာရုံ နောက်သွားရပါလိမ့်မယ်။ တစ်ယောက်ကလည်း ဖုန်းကို ကောက်ကိုင်၊ ခဏနော်ဆိုပြီး နိုတီကို ကြည့်လိုက်ပါဦးမယ်။ ပြီးတော့မှ စကားဆက်ပြောမယ် ထားပါစို့။ ပထမတစ်ခါလိုတော့ ပြောရဆိုရ မချောတော့ပါဘူး။ အခါခါ ဒီလိုအခြေအနေဆိုရင် သင့်ချစ်သူက သင့်ကို မကျေမနပ် ဖြစ်လာနိုင်ပါတယ်။
၂။ စကားပြောနေတုန်း ဖုန်းကို အောက်ချထားလိုက်ပါ။
တစ်ဦးနဲ့တစ်ဦး စကားပြောတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အာရုံစိုက်ရမယ့်အစား နှစ်ယောက်မှာ တစ်ယောက်က ဖုန်းကိုအာရုံရောက်နေရင် စကားပြောရတာ အဆင်မပြေနိုင်တော့ပါဘူး။ ဒီတော့ ဖုန်းကို ပိုက်ဆံအိတ်ထဲ ထည့်ထားတာမျိုး လုပ်ပါ။ အဲ့ဒီလို မလုပ်ရင်တောင် ဖုန်းကို လက်ထဲ ကိုင်ထားတာမျိုး မလုပ်ပါနဲ့။ သက်မဲ့ပစ္စည်းကို ထားလိုက်ပြီး သင့်ရှေ့က သက်ရှိလူသားကို ဂရုပိုစိုက်ဖို့ လိုပါတယ်။
၃။ အရေးကြီးကိစ္စရှိရင် တစ်နာရီတစ်ခါမှသာ ဖုန်းကို ထုတ်ကြည့်ပါ။
သင်ဟာ သင့်ဖုန်းကို ကြည့်ဖို့ လိုအပ်တယ်ဆိုရင်လည်း လေးဆယ့်ငါးမိနစ်တစ်ခါ၊ တစ်နာရီတစ်ခါမှသာ ထုတ်ကြည့်ဖို့ စိတ်ဆုံးဖြတ်ထားပါ။ အရေးကြီးတဲ့ ဖုန်းကိုတော့ ကိုင်လိုက်ပေါ့။
၎။ တကယ်အဆင်ပြေ ပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေဟာ စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး အထူးညှိနှိုင်းစရာ မလိုဘူးလို့ ဆိုပါတယ်။
သင်နဲ့ သင့်ချစ်သူ အတူရှိချိန်ဟာ အဖိုးတန်ပါတယ်။ ဒီလိုအတူရှိချိန်တွေကို ဖုန်းတကိုင်ကိုင်နဲ့ ကုန်ဆုံးမလားဆိုတာကတော့ သင်ရဲ့ရွေးချယ်မှု ဖြစ်သွားပါပြီ။ စမတ်ဖုန်းတွေဟာ သင်နဲ့ သင့်ချစ်သူကြား ပြသနာတွေ သယ်ဆောင်ပေးနိုင်တဲ့အပြင် သင့်ရဲ့လူမှုဆက်ဆံရေး၊ ကျန်းမာရေးကိုလည်း များစွာထိခိုက်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
ဟန်နီ
Credit: Trend Myanmar
Thursday, October 15, 2015
"ချစ်သူထက် ဖုန်းကို ပိုတွယ်တာတဲ့စိတ်ကြောင့် သင့်အချစ်ရေး ပျက်စီးနိုင်"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment