Monday, October 26, 2015

"အိမ်ထောင်တည်မြဲလိုလျှင် ကျေးဇူးတင်စကား မကြာမကြာ ပြောပါ"


"အိမ်ထောင်တည်မြဲလိုလျှင် ကျေးဇူးတင်စကား မကြာမကြာ ပြောပါ"

အိမ်ထောင်တည်မြဲလိုလျှင် ကိုယ့် အိမ်ထောင်ဘက်အား ကျေးဇူးတင်ပါတယ် ဆိုသည့်စကားကို မကြာမကြာ ပြောပေးပါဟု သုတေသန ပညာရှင်များက အကြံပြုလိုက်ပြီ ဖြစ်သည်။

ကျေးဇူးတင်ခြင်းနှင့် အိမ်ထောင်ဘက်က ကိုယ့်အပေါ် တန်ဖိုးထားသည်ဟု ခံစားရခြင်းတို့ကြောင့် အိမ်ထောင်သာယာမှု ရတတ်ကြောင်း လေ့လာမှုတစ်ခုအရ သိရှိခဲ့ရပြီ ဖြစ်သည်။ ဂျော်ဂျီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် အိမ်ထောင်ရှင် (၄၆၈) ဦး တို့အား ငွေကြေးအခြေအနေ၊ ဆက်သွယ်မှုပုံစံနှင့် တစ်ဦးအပေါ်တစ်ဦးက ကျေးဇူး မည်မျှတင်တတ်သည်တို့နှင့် ပတ်သက်ပြီး မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်။

““လူတစ်ဦးတစ်ယောက် အိမ်ထောင်ရေးတွင် မည်မျှ ပျော်ရွှင်ရသည်နှင့် ကျေးဇူးတင် ခံရခြင်းတို့ကြား ဆက်စပ်နေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကား ဘယ်လောက် အင်အားကြီးတယ်ဆိုတာကို ပြနေတာပဲ၊ ဇနီးမောင်နှံနှစ်ဦး အခြားနယ်ပယ်တွေမှာ ဘယ်လောက် အခက်အခဲ တွေ့ကြုံနေပါစေ ဆက်ဆံရေးမှာ ကျေးဇူးတင်တတ်ခြင်းကြောင့် အိမ်ထောင်ရေးသုခတွေ ရလာတတ်ပါတယ်”” ဟု တက္ကသိုလ်ရှိ မိသားစုဘ၀ လေ့လာရေးဌာနမှ ပါရဂူဘွဲ့လွန် သုတေသနပညာရှင် အယ်လန်ဘာတန်က ပြောဆိုခဲ့သည်။

ဇနီးမောင်နှံများ ၀င်ငွေထွက်ငွေ မျှတအောင် အသည်းအသန် ကြိုးပမ်းနေရစဉ်တွင် တစ်ဦးနှင့်တစ်ဦး ဝေဖန်နိုင်ခြေ၊ တစ်ဦးက ပြဿနာမကြီးသွားအောင် အသာ ရှောင်ထွက်သွားနိုင်ခြေ ပိုများနေသော်လည်း ယင်းသို့မဖြစ်အောင် ကျေးဇူးတင်စကား တစ်ခွန်းက လုပ်ဆောင်ပေးနိုင်ကြောင်း ဘာတန်က ပြောသည်။

Source: DM

Credit: messenger

No comments:

Post a Comment