"ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းကောင်းဖြစ်ချင်သူတွေ လုပ်ဆောင်ဖို့နဲ့ ရှောင်ကြဉ်ဖို့ သိထားရမယ့် အချက်များ"
အွန်လိုင်းလောကနဲ့ အပြင်လောကမှာ ကွာဟချက်တွေ အများကြီးရှိပါတယ်။ အွန်လိုင်းကနေတစ်ဆင့် မိတ်ဆွေ အပေါင်းအသင်းတွေဖြစ်ပြီး အပြင်မှာ တွေ့ကြဆုံကြတာတွေလဲ ပိုပြီး ခေတ်စားလာပါတယ်။ ဒီလိုနဲ့ပဲ အရင်းနီးဆုံး သူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။ ကျောင်း၊ အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့ တကယ်ရင်းနီးနေတဲ့ သူငယ်ချင်း ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ်ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုး ဒီ ၁၀ ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ ဆိုရှယ်လ်နက်ဝေါ့ခ်တွေထဲက လူကြီး၊ လူငယ်တွေကြားမှာ ရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။
၁။ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေရဲ့ Profile Picture တွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပြုလုပ်ပေးပါ။
ဒါမှ သူ့တို့ကိုယ်သူတို့ ယုံကြည်မှုတွေရှိလာနိုင်ပြီး သူတို့ဘက်မှာ ကိုယ်က အမြဲရပ်တည်ပေးနေတာ သူတို့ ပိုသိလာနိုင်ပါတယ်။
၂။ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ စကားများ ရန်ဖြစ်တာမျိုးတွေ မလုပ်ပါနဲ့။
ဘယ်လောက်ပဲ ဒေါသအမျက်ထွက်ထွက် ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ စကားများရန်ဖြစ်ခြင်းတွေ မလုပ်ပါနဲ့။ အားလုံးအတွက် အရှက်ရစေပါတယ်။
၃။မွေးနေ့ပါတီတွေ ဒါမှမဟုတ် တခြားအရေးပါတဲ့ အစီအစဉ်တွေကို သူငယ်ချင်းတွေက ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် ဖိတ်ကြားလာရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့။
ဒါမှ ကိုယ်တကယ်လာနိုင်မလာနိုင် သူတို့ကသိနိုင်ပြီး၊ ကိုယ့်ဘက်က ဖိတ်ကြားတာတွေရှိရင်လည်း သူတို့ဘက်က တိကျတဲ့ အကြောင်းပြန်မှုတွေကို ရနိုင်မှာပါ။
၎။မွေးနေ့ဆုတောင်းလေးတွေ လုပ်ပေးပါ။ နှစ်ပတ်လည်နေ့လေးတွေအတွက်လည်း ကွန်ကရက်ကျူလေးရှင်း လုပ်ပေးပါ။
သူငယ်ချင်းတွေကို အပြင်လက်တွေ့ဘ၀မှာ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်သွားပြီးပဲ ဖြစ်ဖြစ် မွေးနေ့ဆုတောင်းစကား ပြောပြီးရင်တောင် ဖေ့ဘွတ်ခ်ကနေလည်း မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းစကား ပြောလိုက်ပါ။ သူတို့  ကျေနပ်ဝမ်းသာနေမှာပါ။
၅။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပုံတွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပေးတာတွေ မလုပ်ပါနဲ့။
အထူးသဖြင့် ခေတ်နောက်ကျပြီး ကသိကအောက်ဖြစ်စေတဲ့ ပုံမျိုးတွေကိုပေါ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။
၆။သူငယ်ချင်းတွေရဲ့ ဖေ့ဘွတ်ခ်အကောင့် ဟက်ခ်လုပ်ခံရရင် သူတို့ကို တိုက်ရိုက်အကြောင်းကြားပေးပါ။
ကိုယ့်သူငယ်ချင်းပုံတွေ ယူသုံးထားတဲ့ အကောင့်တွေ၊ ကိုယ့်သူငယ်ချင်းနဲ့ ပတ်သက်ပြီး မဖွယ်မရာ ပြောဆိုထားတဲ့ အကောင့်အတွက် ကိုယ့်ဘက်က တတ်နိုင်တဲ့ ဘက်က ကူညီပေးပါ။ သူတို့ကို အကြောင်းကြားပေးနိုင်သလို ကိုယ်ကလည်း report ၀င်လုပ်ပေးလို့ရပါတယ်။ ဒါမှ နောက်တစ်ခါ ဟက်ခ်လုပ် မခံရအောင် သတိထားသွားနိုင်မှာပါ။
၇။ In Relationship ကနေ Single လို့ ပြောင်းသွားတဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်စပ်စုတာတွေ မလုပ်ပါနဲ့။
ချစ်သူရည်းစား အသစ်ရသွားတဲ့ သူငယ်ချင်းကို ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက် စပ်စုတာမျိုးတွေ ဘာတွေ မလုပ်ပါနဲ့။ အကြောင်းစုံကိုပြောပြချင်တဲ့ သူတွေကတော့ ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ပြီး ပြောပြမှာပါပဲ။
၈။ကိုယ်နဲ့မသိမရင်းနီးတဲ့သူတွေကို Poke မလုပ်ပါနဲ့။
ကိုယ်နဲ့သိတဲ့သူတွေကိုလဲ မလိုအပ်ရင် Poke မလုပ်ပါနဲ့။ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
၉။မကြားဖူး၊ မမြင်ဖူးတဲ့သူတွေကို သူငယ်ချင်းအဖြစ် request သွားမလုပ်ပါနဲ့။
People You May Know မှာ ပေါ်လာတိုင်းလည်း ကိုယ့်အသိ၊ ကိုယ့်သူငယ်ချင်းရဲ့ အသိ ဖြစ်ချင်မှ ဖြစ်မှာပါ။ သူစိမ်းတွေက အန္တရာယ်များပါတယ်။
၁၀။ကိုယ့် Profile Picture တို့ cover picture တို့မှာ သူငယ်ချင်းတွေ ပါပါနေရင် ကိုယ်တစ်ယောက်တည်း ခန့်ညားလှပနေတဲ့ပုံကို မတင်ပါနဲ့။
ဓာတ်ပုံရိုက်ပြီးတာနဲ့ တစ်ခြားလူတွေ ဘာဖြစ်ဖြစ် ကိုယ်လှနေရင် ပြီးရောဆိုပြီး ကိုယ်အလှဆုံးပုံ ရွေးတင်တာမျိုး မလုပ်မိပါစေနဲ့။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment