Thursday, April 2, 2015

"ကြည့်မှန်ကတဆင့် မိမိကျန်းမာရေး အခြအနေ ဘယ်လိုရှိကြောင်း ဆန်းစစ်နိုင်"

"ကြည့်မှန်ကတဆင့် မိမိကျန်းမာရေး အခြအနေ ဘယ်လိုရှိကြောင်း ဆန်းစစ်နိုင်"

မိမိနှုတ်ခမ်းကိုကြည့်ခြင်းဖြင့် မိမိရဲ့ယေဘုယျ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲဆိုတာ သိနိုင်တဲ့ အချက်များစွာရှိကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဆေးစစ်တဲ့အခါ အရောင်အဆင်းက အဓိကကျပါတယ်။ ဒီနေ့မှာ မိမိနှုတ်ခမ်း ရောင်အစင်းပေါ် မူတည်ပြီး မိမိကျန်းမာရေးကို ခြုံငုံကြည့်ရှုနိုင်ပါတယ်။

၁။ နှုတ်ခမ်းဖြူဖြူ

နှုတ်ခမ်းအဖြူရောင်ဟာ ပုံမမှန် ဆံခြည်မျှင် သွေးကြောကျဉ်းမြောင်းခြင်း သို့မဟုတ် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေကို ပြပါတယ်။

၂။ ပန်းနုရောင်နှုတ်ခမ်း

ပန်းနုရောင်နှုတ်ခမ်းက ပန်းနာရောဂါနဲ့ ဟော်မုန်းဓာတ် ပုံမမှန်ရောဂါ လက္ခဏာကို ပြပါတယ်။

၃။ ပန်နုရောင်ရင့်နှုတ်ခမ်း

သွေးအမျိုးအစားနဲ့ သွေးလည်ပတ်မှုကောင်းတဲ့ လက္ခဏာဖြစ်တယ်။ နောက်ပြီး အသက်ရှူခြင်း၊ သွေးလည်ပတ်မှုနဲ့ အစာချေလုပ်ငန်းစဉ်တွေ ပုံမှန်ရှိပြီး ကျန်းမာတဲ့သဘောဖြစ်ပါတယ်။

ဒါပေမယ့် ပန်းရောင်ဖြစ်မယ့်အစား ပိုမိုနီမြန်းလာပါက ဆံခြည်မျှင်သွေးကြောတွေပုံမှန်ထက် ပိုကျယ်တာဖြစ်ပြီး အသက်ရှူလုပ်ငန်း ပုံမှန်မဟုတ်ဘဲ သွေးတိုးတက်လာတဲ့ လက္ခဏာဖြစ်တယ်။

၎။ ကြက်သွေးရောင်နှုတ်ခမ်း

နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှု ပုံမှန်မဟုတ်ခြင်း၊ အဆုတ်၊ အသက်ရှူမှု၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ပုံမမှန်တဲ့အပြင် အသည်း၊ သည်းခြေအိတ်နဲ့ သရက်ရွက် အဟန့်အတားရှိတဲ့ လက္ခဏာဖြစ်ပါတယ်။

၅။ ခရမ်းရောင်နှုတ်ခမ်း

ခရမ်းရောင်နှုတ်ခမ်းဟာ သွေးဆဲလ်၊ အူတွေ၊ အသည်း၊ ကျောက်ကပ်နဲ့ အဆုတ်တို့ရဲ့ လုပ်ဆောင်ချက်တွေမှာ အနှောင့်အယှက်ဖြစ်နိုင်တဲ့ အညွန်းတစ်ခုဖြစ်ပါတယ်။

Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment