Thursday, April 2, 2015

"ချစ်သူကောင်မလေး အပြတ်ကြွေသွားစေမယ့် စကား (၅) ခွန်း"

"ချစ်သူကောင်မလေး အပြတ်ကြွေသွားစေမယ့် စကား (၅) ခွန်း"

၁။ “နင်ငါ့ဘဝထဲ ရောက်လာတာ ငါအရမ်းပျော်တယ်”

ဒီစကား မကြားချင်သူ ဘယ်သူရှိမလဲသိချင်မိတယ်။ သင့်ချစ်သူရည်းစားဘဝမှာ သံသယ ထားရှိမှုတွေ၊ အငြင်းအခုံတွေ ပျက်ပယ်သွားစေနိုင်တဲ့ တကယ်ပဲ နက်ရှိုင်းတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။

၂။ “အရမ်းဝမ်းနည်းပါတယ်” (သို့) “တောင်းပန်ပါတယ်”

မိမိရဲ့မာန်မာနကို မျိုသိပ်ထားပြီး အားလုံး မိမိအပြစ်လို့သာ ဝန်ခံလိုက်ပါ။

၃။ “မင်း အရမ်းတော်တယ်”

သူမရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အားပေးအားမြောက်ပြုခြင်း အမြဲလုပ်ပေးသင့်တယ်။ မိမိကြောင့် သူမ မြင့်မြတ်တဲ့ ခံစားချက် ရလာအောင်လုပ်ပေးပါ။

၎။ “ကျေးဇူးပြု၍ အကုန်အစင် ပြောပြပါ”

မိနစ် ၃၀ ကြာအောင် စကားပြောဆိုနေရင်တောင် မိမိအနေနဲ့ လုပ်ပေးရမှာက ပြောသမျှ နားထောင်ပေးပါ။ သည်းခံတတ်သူ တစ်ယောက်အဖြစ် သင့်ကို သူမ အသိအမှတ် ပြုလာပါလိမ့်မယ်။

၅။ “မင်းအရမ်းလှတာပဲ”

ယောက်ျားလေး အများစုက ချစ်သူစုံတွဲဘဝ ကြာသည်နဲ့အမျှ ဒီစကားပြောဖို့ ပျင်းရိသွားတတ်ကြပါတယ်။ ဒါပေမယ့် ဒါကို အနည်းဆုံး တစ်ပတ် (၁) ကြိမ်ကြိုးစားပြီး ပြောသင့်တယ်။


Credit : Trend Myanmar



lutawlupyaw

No comments:

Post a Comment