"ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ထိပ်တန်း လျှို့ဝှက်ချက်များ"
အချိန်တိုင်းလိုလို ပျော်ပျော်ရွှင်ရွှင် ရှိနေတက်ကြတဲ့ စုံတွဲချစ်သူ လင်မယားတွေရဲ့ ဆက်ဆံရေးကို အများက အားကျတက်ကြပါတယ်။ ပျော်ရွှင် စွာနေထိုင်တက်ကြတဲ့ စုံတွဲတွေရဲ့ နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်ဆိုတာ ရှိပါတယ်။ ဒီလျှို့ဝှက်ချက်တွေထဲမှာ အရေးအကြီးဆုံး အချက်တွေကို စစ်တမ်းကောက်ပြီး အခုလို စာရင်းပြုစုထားပါတယ်။
ယုံကြည်မှု၊ တစ်ဦးနဲ့ တစ်ဦးလိုက်လျော ညီထွေရှိမှုနဲ့ ရိုးသားစွာ ဆက်ဆံမှုဟာ ပျော်ရွှင်စွာ နေထိုင်တဲ့ စုံတွဲတွေရဲ့ အရေးအကြီးဆုံးအချက် သုံးချက်ဖြစ်ပါတယ်။ စုံတွဲတစ်တွဲကြားမှာ ဒီသုံးချက်ရှိနေပြီ ဆိုရင်တော့ တော်ရုံပြဿာနာဟာ ဘာမှမဟုတ်တော့ဘူးလို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။ စုံတွဲတွေကို သုတေသနပြုချက်တွေအရတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့ နောက်ကွယ်မှာ ကား တစ်ယောက်တစ်စီး ရှိခြင်း၊ ရေချိုးခန်း အတူတွဲသုံးခြင်းနဲ့ ရုပ်ရှင်အတူကြည့်ခြင်းတို့ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရပါတယ်။ ကိုယ့်ဇနီးကို ဘယ်လိုသိမ်းသွင်းမလဲဆိုတဲ့ စာအုပ်ထဲမှာလည်း သာယာတဲ့ အိမ်ထောင်ရေးလျှို့ဝှက်ချက် အချက် ၅၀ ကို ဖော်ပြထားရာမှာ လိင်ကိစ္စဟာ အဆင့် ၂၀ မှာပဲ ရှိနေတာ တွေ့ရပါတယ်။ ချစ်သူနှစ်ဦးကြားမှာ လိင်ကိစ္စထက် ပိုပြီးအရေးကြီးတဲ့ အရာ ၁၉ ချက် ရှိနေသေးတယ်ဆိုတဲ့ သဘောကို ညွှန်ပြနေပါတယ်။
ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးက သူတို့ရဲ့မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ သွားတွေ့တဲ့အခါ ကိုယ်ကလည်း မညည်းမညူလိုက်ပေးဖို့ လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတာက facebook မိတ်ဆွေစာရင်းထဲမှာ ကိုယ့်ရည်းစားဟောင်းတွေ ရှိမနေဖို့လည်း လိုပါသေးတယ်။
Ref - dailymail
Planet Myanmar News
lutawlupyaw
No comments:
Post a Comment