"လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကြွက်သားတွေတင်မကပဲ သင့်ရဲ့ ဦးနှောက်ကိုပါ ကြီးထွားစေနိုင်"
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ ကြွက်သားတွေကို ကြီးထွားလာစေနိုင်တယ်ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အခုတစ်ခေါက် လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့တာကတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေတင်မကပဲ သင့်ရဲ့ ဦးနှောက်ကိုပါ ကြီးထွားစေနိုင်တယ် ဆိုတာပါပဲ။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောစနစ်မှာ အရေးအပါဆုံး အစိတ်အပိုင်းဖြစ်တဲ့ Grey Matter ရဲ့ ပမာဏကို ကြီးထွားလာစေနိုင်တယ်လို့ Health Day News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီလိုဦးနှောက်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခြင်းဟာ မူးလဲတတ်ခြင်းကို လျော့ချပေးသကဲ့သို့ ရေရှည်မှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း ရရှိစေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ လေဖြတ်ခြင်း၊ မလှုပ်ရှားနိုင်ခြင်းတို့ အတွက်လည်း ဖြစ်နိုင်ချေ လျော့ကျစေနိုင်ပါတယ်။
ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွားနှုန်းနည်းစေခြင်း၊ ပိုမိုကောင်းမွန်သောမှတ်ဥာဏ်နဲ့ အတွေးအခေါ်ရရှိစေနိုင်ခြင်း၊ ဆီးချိုသွေးချိုရောဂါ မှကာကွယ်ပေးနိုင်ခြင်း စတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း လေ့ကျင့်ခန်း လုပ်ခြင်းကတစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီလေ့လာမှုကို ဦးဆောင်တဲ့ ဖင်လန်နိုင်ငံ Jyvaskyla တက္ကသိုလ်က ဒေါက်တာ အာဟိုကူဂျာလာနဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ က ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
Ref:dailymail.co.uk
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment