" ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့အတွက် "
၁။ သင့်ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့၊ သူတို့ ဘဝခရီးလမ်း ဘယ်လို လျှောက်ခဲ့ရတယ်ဆိုတာ သင်မသိနိုင်ပါဘူး။
၂။ သင်ထိန်းချုပ်မထားနိုင်တဲ့ အရာတွေကို အဆိုးမမြင်ပါနဲ့။ သင့်ရဲ့အချိန်တွေကို အကျိုးရှိတဲ့ ပစ္စုပ္ပန်အတွက်ပဲ အသုံးချလိုက်ပါ။...
၃။ အလုပ်တွေကို အလွန်အကျွံ မလုပ်ပါနဲ့။ အတိုင်းအတာ တခုအထိပဲ လုပ်ပါ။
၎။ တခြားသူတွေတောင် အလေးအနက်မထားတဲ့ အရာတွေမျိုးတွေကို လိုက်ပြီး ဦးနှောက်ခြောက်မခံပါနဲ့။
၅။ သင့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေ၊ အချိန်တွေကို၊ အတင်းပြောခြင်းအတွက် အလဟသ မဖြစ်ပါစေနဲ့။
၆။ အိပ်နေစဉ်မှာထက်၊ နိုးနေစဉ်မှာ အိပ်မက် ပိုမက်ပါ။
၇။ မနာလို ဝန်တိုနေခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်ပါ။ သင့်အတွက် လိုအပ်တာတွေကို သဘာဝတရားကြီးက သင့်ကို ပေးအပ်ထားပြီးသားပါ။
၈။ အတိတ်က အဖြစ်အပျက်တွေကို မေ့ပလိုက်ပါ။
သင့်အဖေါ်ရဲ့ အတိတ်က အမှားတွေကိုလည်း ပြန်သတိရစေအောင် မလုပ် ၊ မပြောပါနဲ့။
ဒါတွေက သင့်ရဲ့ပစ္စုပ္ပန် ပျော်ရွှင်ခြင်းတွေကို ဖျက်ဆီးပြစ်ပါလိမ့်မယ်။
၉။ ဘဝဟာ သိပ်တိုတယ်၊ တပါးသူတွေကို မုန်းတီးနေခြင်းအတွက် အချိန်တွေ မကုန်ဆုံးပါစေနဲ့။
၁၀။ အတိတ်က အဖြစ်တွေနဲ့ ငြိမ်းချမ်းရေးယူလိုက်ခြင်းဟာ ပစ္စုပ္ပန်ရဲ့အပျော်တွေကို ရေရှည်ထိမ်းသိမ်းခြင်းပါ။
၁၁။ သင်သာလျှင် သင့်ရဲ့ပျော်ရွှင်မှုတွေကို ဖျက်ဆီးနိုင်သူပါ။ အခြားဘယ်သူကမှ မဖျက်ဆီးနိုင်ပါ။
၁၂။ ဘဝဆိုတာ သင့်အတွက် သင်ယူစရာတွေ ပြည့်နေတဲ့ ကျောင်းတကျောင်းပါ။
ပြဿနာတွေဟာ သင်ရိုးညွန်းတမ်းထဲက သချာင်္ ပုစ္ဆာတွေလိုပဲ၊ အသစ်ပေါ်လာလိုက် ဖြေရှင်းလိုက်နဲ့ပဲ ရှိနေကြပါလိမ့်မယ်။ ဒါပေမဲ့ ပြဿနာတွေဆီကရတဲ့ သင်္ခန်းစာတွေကတော့ ဘဝအတွက် ရေရှည် အရေးပါနေကြပါလိမ့်မယ်။
၁၃။ များများပြုံးပါ၊ များများ ရီပါ။
၁၄။ ဆွေးနွေးချက်တိုင်းမှာ သင်အနိုင်ရမှာ မဟုတ်ပါဘူး။ မတူတဲ့ အမြင်တွေကို လက်ခံနိုင်အောင် ကျိုးစားပါ။
၁၅။ မိသားစုကို မကြာခဏ ဖုန်းခေါ်ပါ။
၁၆။ နေ့စဉ် တနေ့တခါလောက် တခြားသူတွေအတွက် ကောင်းမှုတခုလောက် လုပ်ဖို့ ကျိုးစားပါ။
၁၇။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်ဖို့ ကျိုးစားကြည့်ပါ။
၁၈။ အသက် ၇၀ ကျော် အဖိုးအဖွားတွေနဲ့ ဒါမှမဟုတ် အသက် ၆ နှစ်ထက်ငယ်တဲ့ ကလေးငယ်တွေနဲ့ အချိန်ကိုအသုံးချပါ။
၁၉။ တနေ့မှာ အနည်းဆုံး လူ ၃ ယောက်လောက်ကို ပြုံးနိုင်အောင် လုပ်ပါ။
၂၀။ တခြားသူတွေက သင့်ကို ဘယ်လိုထင်မြင်တယ်ဆိုတာ အရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်လည်းဆိုတာ ပိုအရေးကြီးပါတယ်။
၂၁။ သင့်ရဲ့ အလုပ်တွေက သင်နာမကျန်းဖြစ်တဲ့အခါ သင့်ကို ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေကသာ သင့်ကို ပြုစုနိုင်မှာပါ။ ဒါကြောင့် မိသားစု၊ မိတ်ဆွေတွေနဲ့လည်း အမြဲ အဆက်အသွယ် မပြတ်အောင် ကျိုးစားပါ။
ဘာသာပြန်
ရဲသူရိန်မင်း
080415
lutawlupyaw
No comments:
Post a Comment