" မိခင်တွေအတွက် တန်ဖိုးအရှိဆုံးအရာ "
တစ်ခါတော့ မိခင်များနေ့ကို နီးပြီမို့ တပည့်တစ်ယောက်က သူ့ဆရာဆီကိုလာတယ်။ သူက မိခင်နဲ့ တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေသူဖြစ်တယ်။ နှစ်တိုင်း သူ့အမေဆီကို လက်ဆောင်လေးတွေ ၀ယ်ပို့ပေးနေကြ။ ဒီနှစ်တော့ သူလဲ ကုမ္မဏီမှာ အလုပ်အကိုင်ကောင်းတာကြောင့် တန်ဖိုးကြီးတဲ့ ပစ္စည်းလေး ၀ယ်ပေးချင်တယ်။ ဒီလိုနဲ့ သူ့ဆရာနဲ့တွေ့တယ်။ ဆရာဆိုပေမယ့် သူ့အထက်လူကြီးတစ်ယောက်ပါ။ ဘာပေးရင်ကောင်းမလဲဆိုတာကို မေးကြည့်မယ် ဆိုပြီးတော့ မေးတယ်။
"ကျွန်တော်ဒီနှစ် မိခင်များနေ့မှာ အမေ့ဆီကို လက်ဆောင်ပို့ပေးချင်တာ အရင်နှစ်တွေကထက် ကောင်းကောင်းလေးတစ်ခုပေါ့။ တန်ဖိုးရှိတဲ့ အရာလေး"
ဒီတော့ သူ့ဆရာက
"မင်းဘာဝယ်ပေးဖို့ စိတ်ကူးထားလဲ"
"စိန်လေးတွေနဲ့ ရွှေကွပ်ထားတဲ့ ဘယက်လေးတစ်ခုလောက် ပေးမလို့"
"ဒီထက်တန်ဖိုးကြီးတဲ့ အရာဆိုရင်ကော မင်းတတ်နိုင်မလား"
ရပါတယ်။ နဲနဲကြီးလဲ ကိစ္စမရှိဘူးလို့ ဖြေလိုက်တာပေါ့။
ဆရာက"မိခင်တွေအတွက် တန်ဖိုးအရှိဆုံးအရာကတော့ သူတို့လည်ပင်းတွေမှာ ချိတ်ဆွဲမယ့် လက်ဝတ်ရတနာတွေထက် ပိုတန်ဖိုးရှိတယ့် အရာရှိတယ်။ အဲဒါကတော့ သူတို့သားသမီးတွေရဲ့ လက်တွေပဲ။ ငယ်ငယ်တုန်းက သားသမီးတွေက အမေ့ရဲ့ လည်ပင်းကို ဖက်ပြီးတော့ နေတဲ့အချိန်ဟာ မိခင်တွေအတွက် တန်ဖိုးအရှိဆုံးပဲ။"
မင်းနားလည်ထားဖို့က မင်းပေးတဲ့ ဘယက်လေးက တန်ဖိုးရှိပေမယ့် မင်းအမေကို ပွေ့ဖက်မဲ့ မင်းရဲ့ လက်တစ်စုံကတော့ မင်းရဲ့ဘယက်ထက် ဆယ်ဆမက မင်းအမေအတွက် တန်ဖိုးရှိပါတယ်။
ဆရာဆီက ပြန်လာပြီးတော့ သူဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီနှစ်တော့ သူ အမေဆီပြန်မယ်။ အလုပ်ကိုတော့ ခွင့်ယူခဲ့မယ် ဖြတ်ချင်သလောက်လစာဖြတ်ပေတော့ ငါ့အမေလောက် တန်ဖိုးမရှိဘူးဆိုတာ သိသွားတယ်။ ငါးနှစ်တာ မပြန်ခဲ့ရတဲ့ အမေ့အိမ်ကို ရည်ရွယ်ပြီးတော့ ပွေ့ဖက်မယ့် လက်တွေနဲ့ အမေ့အိမ်သို့ ခြေဦးလှည့်ခဲ့ပါတော့တယ်။
(သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ရေးသားထားပါသည်။)
Credit : မောင်စိုင်း
lutawlupyaw
No comments:
Post a Comment