ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့ သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က နဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆ ပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေအရ သိရပါတယ်။
အသက် ၁၆နှစ် ကနေ ၄၄နှစ် အတွင်း အရွယ်အမျိုးသမီးတွေရဲ့ ဘ၀တစ်လျှောက်မှာ ချစ်တင်းနှောဖက်၊ ဆန့်ကျင်ဘက်လိင် ၇.၇ ယောက်နှုန်း အကြမ်းဖျင်းရှိပါတယ်။ ၁၉၉၁ ခုနှစ်တုန်းက ၃.၇ ယောက်နှုန်း၊ ၂၀၀၁ ခုနှစ်မှာ ၆.၅ ယောက်နှုန်းရှိခဲ့ပါတယ်။
အမျိုးသားတွေဟာ သောင်းပြောင်း ဆက်ဆံတတ်ကြသေးပေမယ့်၊ အမျိုးသမီးတွေဟာ အဆန်းဖြစ်လာပြီး ချစ်တင်းနှောဖက်အရေအတွက်ဟာ ပိုများလာတဲ့အတွက် ကွာဟချက်က သိပ်မရှိတော့ပါဘူး။
၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ကြားမှာ အမျိုးသားတွေရဲ့ ချစ်တင်းနှောဖက် ပျမ်းမျှ အရေအတွက်ဟာ ၈.၆ ကနေ ၁၂.၆:ထိ တက်လာပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်အရောက်မှာတော့ ၁၁.၇ ထိ ပြန်ကျခဲ့တယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။
လူသားတွေရဲ့ ချစ်တင်းနှော အကြိမ်ရေဟာ ၁၉၉၁ ခုနှစ်တုန်းက ပျမ်းမျှတစ်လ ၅ ကြိမ်နှုန်း ရှိနေခဲ့ပေမယ့် ခုချိန်မှာတော့ ပျမ်းမျှ တစ်ပတ်တစ်ရက်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment