Sunday, April 5, 2015

“သီလတော့ ဇာတ်လိုက်ပဲ”

“သီလတော့ ဇာတ်လိုက်ပဲ”

လူတစ်ယောက်ဟာ “ဒါန” မရှိပေမယ့်
“သီလ” ရှိနေရင်ပဲ အပါယ် မရောက်နိုင်ပါဘူး။
“ဒါန” မရှိတာက အကျိုးမရတာပဲ ရှိမယ်။
“သီလ” မပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။

တစ်ခါ “ဒါန” ပြုတဲ့အခါမှာလည်း
“သီလ” မပါဘဲနဲ့ ပြုရင် အကျိုးပေး မသန်နိုင်ဘူး။
သီလခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီး အကျိုးပေးသန်နိုင်ပါတယ်။

ဒါကြောင့် “သီလ” ကတော့ အခြေခံပဲ။
“သီလ” ကတော့ ဇာတ်လိုက်ပဲ။
“သီလ” ကို လက်လွတ်လို့ မဖြစ်ဘူး။

(မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ)



lutawlupyaw

No comments:

Post a Comment