Tuesday, April 7, 2015

"ကင်ဆာအတွက် ဆေးကောင်းတလက်"

"ကင်ဆာအတွက် ဆေးကောင်းတလက်"
 
 ဆေးရုံကလက်လွှတ်လို့ အိမ်ပြန်ခေါ်လာတဲ့ လူနာတွေကို မြန်မာဆေးမီးတိုနဲ့ ကုခါမှ အမြစ်ပြတ်ပျောက်သွားတယ်ဆိုတာတွေ မကြာခဏ ကြားဖူးပါတယ်။ ခုတစ်ခါလည်း လာပြန်ပါပြီ။ သားအိမ်ကင်ဆာဖြစ်လို့ ဆေးရုံကလက်လွှတ်တဲ့ လူနာကို မြန်မာဆေးမီးတိုနဲ့ကုလိုက်တာ ကောင်းသွားပြန်ပြီတဲ့ လူနာကလည်း ကျွန်တော်တို့ site ဝင်းထဲမှာဆိုတော့ သွား၍ မေးဖြစ်ပါသည်။ 
လူနာဖြစ်သူ အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်လှိုင်နှင့် တွေ့ဆုံ စကားပြောခဲ့ရပါသည်။ လူနာမှာ လန်းဆန်းနေပြီး ယခင်ကကဲ့သို့ ယောင်ယမ်းကိုက်ခဲခြင်းလဲ မရှိတော့ကြောင်း စိတ်ရှည်စွာ ဖြေကြားပေးပါသည်။ မြန်မာရွက်ပုန်းသီး ဆေးစွမ်းများမှာ အံ့မခန်း အစွမ်းထက်လှပေသည်။
နောက်တစ်နေ့တွင် ပို၍သေချာအောင် ခွဲစိတ်အထူးကု ဘွဲ့လွန်သင်တန်း တက်ရောက်နေသော Dr: မျိုးခန့်ကိုကိုနှင့် အတူ လူနာအိမ်သို့ ထပ်မံသွားရောက်ခဲ့ပါသည်။ ဓာတ်ခွဲခန်းဆေး မှတ်တမ်းများအား ထုတ်ပြခဲ့ပါသည် ဆေးမှတ်တမ်းများအရ Cancer Cell များ ပျံ့နှံ့နေ၍ သားအိမ်ထုတ်ပစ်သော်လည်း အကြောင်းမထူးနိုင်ကြောင်း ဆရာဝန်ကြီးများမှ ပြောသဖြင့် ဆေးရုံမှ ဆင်းလာရကြောင်း အိမ်ရောက်သော အခါ ယောင်းယမ်းကိုက်ခဲသော ဝေဒနာ အပြင်းအထန်ခံရကြောင်း ထမင်းမပြောနှင့် ရေသောက်လျှင်ပင် ပြန်အန်ကြောင်း၊ မထနိုင်ပဲ အိပ်ရာထဲလဲနေရကြောင်း၊ သေမည့်နေ့ကို စောင့်မျှော်နေရကြောင်း၊ နောက်ဆုံး တွင်ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီအမြစ်ကိုသွေးပြီး သောက်ကြောင်း၊ လို့ ဝေဒနာရှင်ကိုယ်တိုင်မှ ဆေးမြစ်ကိုကိုင်ပြီး ရှင်းပြပါသည်။

ဆေးသောက်ပြီးသည်နှင့် ဝမ်းခေါင်းတစ်ခုလုံး ပူရှိန်းသွားပြီး ခါး၊ ဆီးစပ်တို့တွင် စစ်စစ် စစ်စစ်နှင့် တဖြုတ်ဖြုတ် ခံစားရပါသည်။ ကျမအထင် အထဲမှအမြစ်များ ပြတ်သွားသည်ဟု ထင်ပါသည်။
၅ ရက်လောက်ကြာတော့ အကိုက်အခဲသက်သာပြီး အစာလဲ စားနိုင်လာပါတယ်။ ခုဆေးသောက်တာ ၁ လ ရှိပါပြီ လုံးဝမကိုက်တော့ပါ။ ထမင်းလဲစားကောင်းလို့ ပြန်ဝလာပါပြီဟု ဒေါ်ခင်လှိုင်က ရှင်းပြပါတယ်။
(ကာယကံရှင်၏ ခွင့်ပြုချက်အရ ရောဂါဖြစ်စဉ်ဆေးမှတ်တမ်း၊ ကာယကံရှင်၏ပုံ၊ နေရပ်နှင့်ဆေးမြစ်လမ်းညွှန် တို့ကို တင်ပြပေးလိုက်ပါတယ်)

အမည်- ဒေါ်ခင်လှိုင်
နေရပ်- ဘုရင့်နောင်တံတားစီမံကိန်းဝန်း၊ ရန်ကုန်
ဆေးမြစ်အမည်- ပျဉ်းမမြစ် (အပွင့်ဖြူပွင့်သော)

သုံးစွဲနည်း
၁- ဆန်ဆေးရေနှင့်သွေး၍ စတီးဇွန်းသောက်ပါ (တနေ့၃ကြိမ်)
၂- အရက်ဆီနှင့်ရော၍လိမ်းပါ။

Myawady Health



lutawlupyaw

No comments:

Post a Comment