Tuesday, April 7, 2015

" ရှေ့ဆက်နိုင်ဖို့ စွန့်လွတ်ရမဲ့ ၁၀ ချက် "

" ရှေ့ဆက်နိုင်ဖို့ စွန့်လွတ်ရမဲ့ ၁၀ ချက် "

သင်ဟာ ပိုကောင်း၊ ပိုမြင့်တဲ့ဘဝကို တက်လှမ်းချင်တယ်ဆိုရင်၊ သင်အမြင့်မတက်နိုင်အောင် ဆွဲငင်ထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို စွန့်လွတ်ဖို့ လိုပါလိမ့်မယ်။ ဒါတွေဟာ လွယ်လွယ်ကူကူတော့ စွန့်လွတ်ဖို့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။
ကဲ ဒီနေ့ကစပြီး စွန့်လွတ်ဖို့ ကြိုးစားကြပါစို့ ………

၁ ။ အခြားသူများရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ဘဝကို ထိန်းချုပ်နေခြင်းကို စွန့်လွတ်ပါ။

လူတွေဟာ သင့်ရဲ့နာမည်ကိုသိကြတယ် ဒါပေမဲ့ သင့်ရဲ့ အဖြစ်မှန်ကိုတော့ မသိကြဘူး။
လူတွေဟာ သင်ဘာတွေလုပ်ခဲ့တယ် ဆိုတာကိုပဲ ကြားခဲ့ဖူးမယ်။ ဒါပေမဲ့ သင်ဘာတွေ တွေးတောကြံဆခဲ့ရတယ် ဆိုတာတော့ မသိကြဘူး။
ဒါကြောင့် သူတို့ရဲ့ သင့်အပေါ် ထင်မြင်ယူဆချက်တွေကို ခပ်ပါးပါးပဲ ခေါင်းထဲထည့်ထားပါ။ သိပ်ပြီး ဦးနှောက်ခြောက်ခံ စဉ်းစားနေစရာ မလိုပါဘူး။ ဆိုလိုတာက အခြားသူတွေက သင့်ကို ဘယ်လို ထင်မြင်သတ်မှတ်တယ် ဆိုတာက အဓိက မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ တခါတရံမှာ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို လျစ်လျူရှုပြီး သင့်အတွက်၊ သင့်ဘဝအတွက် အကောင်းဆုံးတွေကို လုပ်ဆောင်ရပါမယ်။

၂။ အတိတ်က ကျဆုံးမှုတွေအပေါ် ရှက်ရွံနေခြင်းတွေကို စွန့်လွတ်ပါ။

တခါတရံ သင်လည်း ကျရှုံးဘူးပါလိမ့်မယ်။ ဒါကို လက်ခံနိုင်ရပါမယ်။ ပိုကောင်းတာတွေကိုလည်း စဉ်းစားနိုင်ရပါမယ်။ သင့်ရဲ့ အတိတ်ဟာ သင့်ရဲ့ အနာဂတ်နဲ့ ညီမျှခြင်း မဟုတ်ပါဘူး။ သင် အတိတ်မှာ ကျရှုံးဘူးတာတွေဟာ အဓိကမဟုတ်ပါဘူး။ အဓိကအရေးအကြီးဆုံးက သင်အခု လက်ရှိလုပ်နေတဲ့ အရာပဲ ဖြစ်ပါတယ်။

၃။ သင်ဖြစ်ချင်တာတွေကို တိတိကျကျ အဆုံးအဖြတ်မပေးနိုင်တဲ့ အရာတွေကို စွန့်လွတ်ပါ။

သင်ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျ မဆုံးဖြတ်နိုင်ခင်အထိ ဘာကိုမှ သင် စတင်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး ။ပြင်းပြင်းပျပျ ဖြစ်ချင် လိုချင်စိတ်လိုပါတယ်။ ထိုအရာကို တားဆီးနေတာတွေကို လျစ်လျူရှုလိုက်ပါ။ သင် ပြင်းပြင်းပျပျ လိုချင်မှ လုံးလ ဝိရိယကလည်း နိုးကြားလာမှာ ဖြစ်ပါတယ်။ ပြင်းပျတဲ့ စိတ်ဆန္ဒမရှိရင် သင့်ရဲ့ လုပ်နိုင်စွမ်းဟာ နိမ့်ကျနေပြီး၊ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ လုပ်နိုင်စွမ်းဟာ အောင်မြင်ခြင်းကို ဖော်ဆောင်နိုင်ပါတယ်။ ဒီတော့ သင်ဘာဖြစ်ချင်တာလဲ တိတိကျကျ သုံးသပ် စဉ်းစားဆုံးဖြတ်ပါ။ ထိုအရာပေါ်မှာ ပြင်းပျတဲ့စိတ်၊ လုံးလ ဝိရိယနဲ့ ကြိုးစားပါ။

၎။ အရေးပါတဲ့ ရည်မှန်းချက်တွေ ဖေါ်ဆောင်ဖို့ အချိန်ဆွဲနေခြင်းကို စွန့်လွတ်ပါ။

ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။
(၁) အခြေအနေတွေကို သူ့အရှိအတိုင်း လက်ခံထားတာရယ်
(၂) ထိုအခြေအနေတွေကို ပြောင်းလဲဖို့ တာဝန်ရှိတယ်လို့ လက်ခံတာရယ် ဖြစ်ပါတယ်။

သင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို အသုံးချပါ။ သင်လုပ်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို မစွန့်လွတ်ပါနဲ့။ ပြီးတော့ သင်လုပ်ချင်တဲ့ ကောင်းတဲ့အရာတွေကို ချက်ခြင်းလုပ်လိုက်ပါ။ မနက်ဖန်များစွာရှိပါတယ်၊ မနက်ဖန်မှ စမယ်လို့ ဆင်ခြေပေးနေမဲ့အစား အခုပဲ စတင်လိုက်ပါ။

၅။ ဘာမှ မလုပ်ဖို့ ရွေးချယ်ခြင်းကို စွန့်လွတ်ပါ (တခုခုတော့ လုပ်ကို လုပ်ရပါမယ် )

သင်ဟာ ဘယ်အချိန်မှာ ဘယ်လို သေရမယ်ဆိုတာ ရွေးချယ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ဘယ်လို ရှင်သန်မယ် ဆိုတာတော့ သင့်မှာ စဉ်းစားဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ နေ့စဉ်နေ့တိုင်းဟာ သင့်အတွက် ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေပါပဲ။ သင့်ရဲ့အမြင် မဖြစ်နိုင်ဘူးလို့ ထင်တာတွေကို အဆိုးမြင်တွေကနေ အကောင်းမြင်အဖြစ် ပြောင်းလဲ မြင်ကြည့်ပါ။ သံသယတွေကို ဖျောက်ဖျက်ပြစ်ပါ။

၆။ သင့်ရဲ့ဆန္ဒတွေ အမြဲမှန်တယ် ဆိုတာကို စွန့်လွတ်ပါ။

သင် မှန်တယ်လို့ ထင်နေတဲ့ အရာတွေဟာ မှားနေတာမျိုးလည်း ကြုံရနိုင်ပါတယ်။
ဒီလိုမှားသွားတဲ့ အခါတွေမှာ အရှုံးမပေးပါနဲ့၊ အောင်မြင်ဖို့ကိုသာ စိတ်ပြင်းပျပါ။ တကယ်လို့ လက်လျှော့အရှုံးပေးလိုက်မယ်ဆိုရင် အကြောင်းအရာသစ်တွေကို သင်ယူခွင့်တွေပါ ဆုံးရှုံးသွားပါလိမ့်မယ်။

၇။ ဖြေရှင်းရမဲ ပြဿနာတွေကို ရှောင်ပြေးခြင်းကို စွန့်လွတ်ပါ။

အခက်အခဲတွေ၊ ပြဿနာတွေ ရင်ဆိုလာရတဲ့အခါ ရှောင်ပြေးဖို့ မစဉ်းစားပါနဲ့။ ရင်ဆိုင်ဖြေရှင်းပါ။ အပေးအယူလုပ်ပါ။ တန်ဘိုးထားပါ။ ခွင့်လွတ်ပါ။ တန်ဘိုးထားထိုက်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ရမဲ့အစား ဆင်ခြေတွေပေးနေခြင်းကို စွန့်လွတ်ပါ။

ဘဝဆိုတာ ဖြေရှင်းရမဲ့ အရာတွေပြည့်နေတဲ့ ပုစ္ဆာတစ်ပုတ်ပါ။ ဖြေရှင်းဖို့ မကြိုးစားခြင်းကသာ အမှားပါ။ ရေရှည် ရှုံးနိမ့်ခြင်းဟာ ပြဿနာတွေကို ဖြေရှင်းရမဲ့အစား ဆင်ခြေတွေသာ ပေးနေခဲ့ခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။

၉။ ဘဝရဲ့ကောင်းချက်တွေကို သတိမပြုမိခြင်း စွန့်လွတ်ပါ။

သင်ကြည့်တာကိုပဲ သင်မြင်ရပါလိမ့်မယ်။ သင်ပိုင်ဆိုင်ခွင့် မရခဲ့တဲ့ အရာတွေအတွက် နောင်တ ရနေခြင်းဟာ၊ လက်ရှိပိုင်ဆိုင်နေတဲ့ အရာတွေကို တန်ဘိုးမထားသလို ဖြစ်နေပါလိမ့်မယ်။ လက်ရှိ ပိုင်ဆိုင်တာတွေရဲ့ တန်ဘိုးကို မြင်အောင်ကြည့်ပါ။

၁၀။ လက်ရှိအချိန်ကို တန်ဘိုးမထားခြင်းကို စွန့်လွတ်ပါ။

ကျွန်တော်တို့ဟာ နေ့စဉ် အဖြစ်အပျက်တွေကို မမှတ်မိပါဘူး။ ကျွန်တော်တို့ တကယ်မှတ်မိနေတာက အခိုက်အတန့်လေးတွေပါ။ ကြီးမားတဲ့ အောင်မြင်မှုကြီးတွေရဖို့ သေးငယ်တဲ့ အရာကလေးတွေများစွာနဲ့ စတင်လုပ်ဆောင်ရတယ်ဆိုတာ သတိမပြုမိကြဘဲ ကျွန်တော်တို့ အောင်မြင်ဖို့ ကျိုးစားနေကြတယ်။
မြတ်နိုးဖွယ် အခိုက်အတန့်လေးတွေတိုင်းကို ချစ်မြတ်နိုးပါ၊ တန်ဘိုးထားပါ။


Credit : ရဲသူရိန်မင်း



lutawlupyaw

No comments:

Post a Comment