Friday, April 10, 2015

"အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ"

"အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ"

အမြင့်ပျံတဲ့ ငှက်တွေကို တွေးဖူးမယ်ထင်ပါတယ်။ ငှက်တွေမှာ အမြင့်ကိုပျံသန်းနိုင်ဖို့ အရှိန်အနည်းငယ်ယူပြီး ပြန်ရတဲ့ငှက်တွေနဲ့ အရှိန်တော်တော်ယူပြီးမှ ပြန်နိုင်တဲ့ ငှက်တွေဆိုပြီး ရှိကြတယ်။ တို့ငယ်ငယ်က ပုံပြင်ထဲမှာကြားဖူးတဲ့ ငှက်ကြီးဝင်ဗိုလ် အမျိုးအစားထဲမှာပါတဲ့ ငှက်ကျားကြီးတွေဟာ မြေပြင်ကနေ ၃ ကြိမ်လောက် ခုန်သွားပြီးမှ အထက်ကို ပျံတက်လို့ရတယ်။

ဒါတွေကို သာဓကယူပြီး လူတွေအပေါ်ကို ကြည့်လို့ရနိုင်ပါတယ်။ အထက်အမြင့်ကို တက်ဖို့ လူတိုင်းကတော့ စွမ်းအားကိုယ်စီ သုံးရတယ်လေ။ ဘ၀အခြေအနေပေါ်မှာ မူတည်ပြီး ရုံးကန်မှု အနည်း၊ အများ ကွာခြားသွားတာပေါ့။ ပင်ကိုယ်ပြီးပြည့်စုံတဲ့ မိသားစုက ပေါက်ဖွားလာတဲ့သူတွေကတော့ အောက်က တွန်းတင်ပေးမယ့်သူ၊ အထက်က ဆွဲတင်ပေးမယ့်သူတွေနဲ့ဆိုတော့ စွမ်းအား သိပ်မသုံးရဘူးပေါ့။

ဘ၀ပေးအခြေနေ မကောင်းလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတွေများကြတော့ ဘာနဲ့တူလည်းဆိုတော့ ဟိုငှက်ကျားကြီးတွေလိုပဲ။ တစ်ကြိမ်ပြီး၊ တစ်ကြိမ်ခုန် (တနည်း) တဆင့်ပြီး၊ တဆင့်နဲ့ အမြင့်ကို တက်ရတာပေါ့။ ရည်ရွယ်ထားတာလေးတွေကို အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ ဖြစ်ပါတယ်။


Credit : True Man



lutawlupyaw

No comments:

Post a Comment