"မနာလို ဝန်တိုတတ်တဲ့ ခင်ပွန်းဟာ ဇနီးသည်ရဲ့ အင်္ဂါစပ်ကို စူပါဂလူးနဲ့ ကပ်ပစ်ခဲ့"
ဇနီးသည်ဟာ သူမ ဦးလေးဖြစ်သူနဲ့ အတူအိပ်ခဲ့တယ်လို့ အထင်ရောက်ပြီးတဲ့နောက်မှာတော့ မနာလိုဝန်တိုတတ်တဲ့ တောင်အာဖရိက ခင်ပွန်းသည်တစ်ဦးက သူ့ဇနီး အင်္ဂါစပ်မှာ စူပါဂလူးနဲ့ ကပ်ပစ်ခဲ့ပါတယ်။ Bushbuckridge အနီး Ngwamtila ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ထိုအမျိုးသားတစ်ဦးက အသက် ၄၀ ရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ အိပ်ခန်းထဲ ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ မိန်းမကို ဓားမြောင်နဲ့ ခြိမ်းခြောက်ပြီး ဝတ်လစ်စလစ်နေစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ရပ်ကြောင့် ခင်ပွန်းဖြစ်သူကို ကြောက်လန့်ခဲ့ပြီး အတောမသတ်နိုင်အောင် ငိုယိုနေခဲ့ရပါတယ်။
အမျိုးသမီးတစ်ယောက်ကို ချစ်တယ်လို့ ဆိုပေမယ့် ခုလို သူမအပေါ် ဆက်ဆံတဲ့ ယောက်ျားတစ်ယောက်က ဘယ်လိုလူစားမျိုးလည်း မသိတော့ပါဘူးလို့ သူမက iAfrica ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ အမျိုးသမီးအင်္ဂါကို စူပါဂလူးနဲ့ ကပ်ပြီးနောက်ပိုင်းမှာ စူပါကလူးတွေကို ဖယ်ထုတ်နိုင်ခဲ့ပေမယ့် ဘဝတစ်သက် လိင်ဆက်ဆံမှု ပြန်မလုပ်နိုင်တော့မှာ သူမအနေနဲ့ စိုးရိမ်ခဲ့ပါတယ်။
သူမနဲ့ သူမရဲ့ အမျိုးသားဟာ၂၀၁၃ မတ်လမှာ ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် သူမခင်ပွန်း ထွက်ပြေးခဲ့ပြီး ပြန်တွေ့တာတောင် မကြာသေးဘူးလို့ ဆိုပါတယ်။ ထိုအမျိုးသမီးအနေနဲ့ အဲဒီအဖြစ်အပျက်ကို တရားမျှတမှုရှိစေဖို့ မျှော်လင့်ချက်တွေနဲ့ အများသိအောင် ဆုံးဖြတ်ခဲ့ပါတယ်။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment