Friday, April 3, 2015

"အားကျစရာကောင်းတဲ့သူဖြစ်အောင် ဘယ်လိုနေမလဲ !!!"

"အားကျစရာကောင်းတဲ့သူဖြစ်အောင် ဘယ်လိုနေမလဲ !!!"

ကျန်းမာအောင်နေပါ။
၁။ နေ့တိုင်း မနက်မိုးလင်းလင်းချင်းမှာ ရေတစ်ခွက် ပုံမှန်သောက်ပါ။ နေ့သစ်မှာ လန်းလန်းဆန်းဆန်းဖြစ်အောင်ပါ။

၂။ လှုပ်ရှားမှုတွေပြုလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး သင့်ရဲ့ ခွန်အားတွေကြို
မြှင့်တင်ပါ။ စိတ်ဖိစီးမှုတွေကိုလည်း ဒီနည်းလမ်းနဲ့ပဲ လျော့ချပစ်ပါ။

၃။ အိပ်ရေး၀၀အိပ်ပါ။ ပြည့်ပြည့်၀၀အနားယူနိုင်မှ အလုပ်တွေကိုလည်း တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပါ။ သင့်ရဲ့တနေ့တာကို စီမံကိန်းချပါ။
(၁)ဒီနေ့အတွက် အောင်မြင်အောင် ဆောင်ရွက်ရမယ့် အရေးအကြီးဆုံး လုပ်ငန်းတာဝန် ၃ ခုကို အဓိကထား စာရင်းပြုစုပါ။
(၂) အဲ့ဒီ့လုပ်ငန်းတာဝန်တွေကို တစ်ခုကို မိနစ် ၅၀ လောက် အချိန်ပေးပြီးလုပ်ပါ။ ပြီးရင် ၁၀ မိနစ်လောက် ခဏနားပါ။ ပြီးမှထပ်လုပ်ပါ။
(၃) နေ့စဉ် သင်ဘာတွေရခဲ့သလဲ ဘာတွေ တိုးတက်ပြောင်းလဲလာတာရှိသလဲ စတာတွေကို အချိန် ၁၀ မိနစ်လောက် သက်သက်ပေးပြီး စဉ်းစားဆင်ခြင်ပါ။

အမြဲတမ်းသင်ယူပါ။
(၁) စာဖတ်ပါ။ စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့စကား ရှိပါတယ်။ သင်စာဖတ်မှုအားကောင်းလေလေ သင်ပညာပိုရလေလေပဲ ဖြစ်ပါတယ်။
(၂) အွန်လိုင်းကနေလည်းသင်ယူပါ။ အင်တာနက်ကနေ ကိုယ့်အတွက်အကျိုးရှိနိုင်မယ့် အရာတွေကို စူးစမ်းရှာဖွေတာတွေလည်း လုပ်ရပါမယ်။
(၃)ဆွေးနွေးတိုင်ပင်ပြီး အကြံထုတ်တာမျိုးတွေလည်း လုပ်ဖို့လိုပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် အကြံဥာဏ်သစ်တွေ ပိုတိုးလာနိုင်ပါတယ်။

သင့်ကိုပျော်ရွှင်စေနိုင်တဲ့အရာတွေကိုလည်း မမေ့ပါနဲ့။
(၁) ကိုယ့်ကိုကိုယ်အသိအမှတ်ပြုပါ။ မနက်တိုင်း ကိုယ့်ကိုယ်ကို ကျေနပ်အားရတဲ့အချက် (၁၀) ချက်ကို စဉ်းစားပါ။ အဲ့လိုစဉ်းစားတာကလည်း ကိုယ့်ကိုယ်ကို ပျော်ရွှင်စေနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။
(၂)သင့်အလုပ်စားပွဲကို အမြဲတမ်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ထားပါ။ အလုပ်လုပ်ချင်စိတ်အပြည့်ရှိနိုင်ဖို့နဲ့ အလုပ်ကို အပြည့်အ၀ အာရုံစိုက်နိုင်ဖို့ အလုပ်စားပွဲက သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။
(၃)သင် နှစ်သက်သဘောကျတဲ့ အရာတွေအတွက်လည်း အချိန်ပေးပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့တာပဲဖြစ်ဖြစ်၊ စက်ဘီး ပတ်စီးတာမျိုးပဲဖြစ်ဖြစ် သင့်စိတ်ကိုပျော်ရွှင်စေမယ့်အရာတွေကို အချိန်ပေးဖို့လည်း မမေ့ပါနဲ့။

Wilson Chan (YK)
Credit : Pinterest



lutawlupyaw

No comments:

Post a Comment