Wednesday, April 8, 2015

" မေတ္တာသည်သာ "

" မေတ္တာသည်သာ "

တစ်ခါက တရုတ်ပြည်မှာ ရင် ဆိုတဲ့ အမျိုးသမီးတစ်ဦး နေထိုင်တယ်။ တစ်နေ့တော့ ထိုအမျိုးသမီးရဲ့ အိမ်ရှေ့မှာ အဖိုးကြီးသုံးရောက် ရပ်နေကြတယ်။ ရင် ကလဲ သနားတတ်တဲ့သြူုဖစ်တော့ ဒီအဖိုးကြီးသုံးရောက်ကို အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်သတဲ့။ အဖိုးကြီးသုံးယောက်က ရင် ရဲ့ယောက်ျား အိမ်ထဲမှာရှိလားလို့ မေးတာပေါ့။ ရင် ကတော့ မရှိသေးဘူး အပြင်ခဏသွားတယ်လို့ ပြန်ဖြေတော့ အဖိုးကြီးတွေက "ယောက်ျားမရှိတဲ့အိမ်ကို ငါတို့ဝင်ဖို့ မသင့်တော် နင့်ယောက်ျားလာမှဝင်မည်" ဟု ဆိုကာ ရပ်နေသတဲ့။

မကြာမီ သူ့ယောက်ျားပြန်လာတော့ ရင် က အဖိုးကြီးတွေကို လာခေါ်သတဲ့။ အဖိုးကြီးတွေက ရုတ်တရက် ပုံစံပြောင်းသွားပြီးတော့ နတ်မင်းတွေ ဖြစ်သွားကြသတဲ့။ ပြီးတော့ "ချစ်သမီး ရင် ငါတို့ဟာ ကောင်းကင်မှနတ်မင်းများဖြစ်ကြသည် ငါ့သမီးကောင်းမှုတွေ လုပ်ခဲ့တဲ့အတွက် ငါ့သမီးကို ကယ်တင်ဖို့ဖြစ်သည်။ ငါ့သမီး ငါတို့သုံးယောက်ထဲက တစ်ယောက်သည် အိမ်ထဲဝင်မည်ဖြစ်သည်။ တစ်ယောက်ကတော့ ချစ်ခြင်းမေတ္တာနှင့်စည်းလုံးခြင်းကို ကိုယ်စားပြုတဲ့ နတ်မင်း "ဖူ" ပေတည်း။ နောက်တစ်ယောက်ကတော့ ချမ်းသာကြွယ်ဝမှုကိုပေးတဲ့ နတ်မင်း "လူ" ဖြစ်သည်။ ကျွန်ုပ်ကတော့ အောင်မြင်ကျော်ကြားမှုကို ပေးမယ့် "ရှိုး" ဖြစ်သည်။ ငါ့သမီးအိမ်ထဲဝင်ပြီးတော့ နင့်ယောက်ျားနဲ့ တိုင်ပင်လိုက်ပါ။ ဘယ်တစ်ယောက်ကို ရွေးမလဲလို့"။

ရင် လဲ အိမ်ထဲဝင်သွားပြီးတော့ သူံယောက်ျားနဲ့ တိုင်ပင်တယ်။ ရင်ကတော့ "ချမ်းသာချင်တယ် အဲဒါကြောင့် လူ ကိုရွေးမယ်" သူ့ယောာက်ျားကတော့ "မင်းကွာ မင်းဘာလို့ ကျော်ကြားမှုကို မရွေးတာလဲ" သူတို့နှစ်ယောက်ရန်ဖြစ်ကြတာ အချိန်တော်တော်ကြာတယ်။ နောက်တော့ လင်မယားခြင်းရန်ဖြစ်ရင်းနဲ့ ပန်းကန်တွေခွဲကြ၊ တစ်ယောက်နဲ့တစ်ယောက် ရိုက်မယ်နှက်မယ်ပေါ့။ နောက်ဆုံး သူတို့လင်မယားရန်ဖြစ်နေကြတာကို အိမ်မှာရှိတဲ့ သမိးက ကြားသွားပြီးတော့ "အဖေနဲ့အမေ ရန်ဖြစ်နေတာကို မြင်ရတော့မှ ချစ်ခြင်းမေတ္တာကို ရွေးချယ်ရမှန်းသိလာတယ် ဖူ ကိုမရွေးဘူးလား" လို့ မေးသတဲ့။

အဲတော့မှ ဟိုလင်မယားလဲ သံဝေဂရပြီးတော့ ဖူကို ထွက်ခေါ်သတဲ့။ ဖူ ကထိုင်နေရာကနေ ထလာတယ် အခြားနတ်မင်းနှစ်ပါးလဲ လိုက်လာတယ်။ ရင် က "ကျွန်မ ဖူကိုပဲခေါ်တာ ဘာလို့အကုန်လိုက်လာတာလဲ" လို့ မေးလိုက်တယ်။

ဖူကတော့ " အိမ်တစ်အိမ်မှာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခြင်းတွေရှိနေမှတော့ ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်ကျော်ကြားမှုဆိုတာ သိပ်မကြာခင် ရောက်လာမှာပဲလေ"


Credit : မောင်စိုင်း



lutawlupyaw

No comments:

Post a Comment