"ကင်ဆာ ဝေဒနာရှင်တို့အတွက် အစွမ်းထက်သည့် ကျောက်သဗြက် ကုထုံး"
မြန်မာတို့၏ တိုင်းရင်းဆေးပညာသည် အာသောက မင်းကြီး ကိုးတိုင်း၊ ကိုးဌာန သာသနာပြု မစေလွှတ်မှီ ကတည်းကပင် ပျူခေတ် ဆေးပညာ၊ ဗိဿနိုးမြို့ တည်ချိန်မှ စတင်၍ ပေါ်ပေါက်နေပြီဖြစ်ကြောင်း သမိုင်း မှတ်တမ်းများက သက်သေခံလျှက် ရှိလေသည်။
ထိုမြန်မာ့ ဆေးပညာနှင့် ပတ်သက်၍ ပညာရပ်ဆိုင်ရာ ကျမ်းပေါင်း (၃၆၈) ကျမ်း ရှိကြောင်း၊ ပိဋကတ်တော်လာ သမိုင်းနှင့် ပညာရပ်ဆိုင်ရာ ကျမ်းများ ဦးရေ စာရင်းတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
ဆေးကျမ်းများအလိုအရ တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် ဒေသထွက် သစ်ဥ၊ သစ်ဖု၊ ဆေးဖက်ဝင် သစ်ပင်၊ သစ်နွယ် အဖူး၊ အပွင့် များကို အဓိကထား ဖော်စပ်လေ့ရှိကြသည်။ နွယ်မြက် သစ်ပင်တို့သည်ကား ဆေးဖက်ဝင်လှ ပါသည်။
အလားတူ မြန်မာနိုင်ငံတစ်ဝန်း နေရာဒေသ အနှံအပြားတွင် အလေ့ကျ ပေါက်ရောက်သည့် သဗြက်ပင် (CAYRATIA) သည် အံ့သြဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှပါသည်။ ၄င်းသည် တောထဲတွင် အများဆုံး ပေါက်ရောက်သဖြင့် အချို့က တောသဗြက်ဟု မှတ်တမ်း တင်ကြသည်။
ထိုအပင်များသည် ဟင်္သာတမြို့၊ ရပ်ကွက်ပေါင်း (၂၂) ရပ်ကွက် တို့တွင် အလေ့ကျ ပေါက်ရောက်လျှက်ရှိကြောင်း၊ သစ်ပင်ကြီးများနှင့် သစ်ပင်ငယ်တို့ကို မှီတွယ်တက်ရောက်သော နွှယ်ပင် တစ်မျိုးဖြစ်သည်ဟု တိုင်းရင်းသမားတော် အဌာရသ ဆရာသောင်းအား မေးမြန်းရာတွင် ပြောကြားခဲ့ပါသည်။
ယခင်ကာလ တိုင်းရင်းဆေးဌာနတွင် တာဝန်ထမ်းစဉ်က ကုသခဲ့သည်ဟု သိရပါသည်။ ထိုစဉ်အခါက ဟင်္သာတခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရီုင် တိုင်းရင်းဆေးမှူးကြီးနှင့် မြို့နယ် တိုင်းရင်းဆေးမှူးတို့ ဦးဆောင်၍ ခရိုင်တိုင်းရင်း ဆေးဆရာ အသင်းဝင်များသည် ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် လေဖြတ်ဝေဒနာရှင်များအား ကျောက်သဗြက် အသီး အညွှန့်များကို စားသုံးစေခြင်းဖြင့် ကုသရာ ဝေဒနာ ပျောက်ကင်း ချမ်းသာ လာခဲ့ကြောင်း၊ ထို့အပြင် ကျောက်သဗြက် သီးသည် အဆီကျ စေနိုင်ခြင်းနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ စသော ရောဂါများသည်သာမကပဲ ကင်ဆာရောဂါကိုပင် ပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်း သိရှိရပါသဖြင့် ကင်ဆာရောဂါ အပါအ၀င် အခြားသော ရောဂါ များကိုပါ နိုင်နင်းလှပါသော လွယ်လင့်တကူ ရရှိနိုင်သည့် ကျောက်သဗြက် ဆေးစွမ်းကို ဟင်္သာတသူ၊ ဟင်္သာတသားများနှင့်တကွ အခြားသော လိုအပ်သူများ သိရှိနိုင်စေရန် ရေးသားတင်ပြ လိုက်ပါသည်။
ကင်ဆာရောဂါနှင့် ကျောက်သဗြက်
ကင်ဆာရောဂါ ဝေဒနာရှင်များသည် ထိုကျောက်သဗြက်ပင်မှ အစေ့တို့ကို စားသုံးပေးခြင်းနှင့် ဝေဒနာ ဖြစ်ရာသို့ လိမ်းပေးခြင်းဖြင့် သတ်မှတ်ထားသော
ရက်အတွင်းဝယ် သိသိသာသာ သက်သာလာပါလိမ့်မည်။ အရွက် အညွှန့်တို့ကိုလည်း အကူဓါတ်စာအဖြစ် စားသုံးပေးရပါမည်။
အပြည့်အစုံ သိရှိလိုပါလျှင် အောက်ဖော်ပြပါ ဆရာကြီး ထံသို့သာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကင်ဆာရောဂါ ပျောက်ကင်းသည့် ကျောက်သဗြက် အကြောင်းအား ဖြေကြားပေးပါရန် အကူအညီ တောင်းခံရာတွင် စိတ်ရောကိုယ်ပါ လိုက်ပါဆောင်ရွက်ပေးပါသော တိုင်းရင်းသမားတော်ကြီး အဌာရသ ဆရာသောင်း အား ကျေးဇူးအထူး တင်ရှိပါသည်။
ဆရာကြီးသည် န၀ဓုတင်င်္ဂါစာရ မဟာထေရ်၏ အပါးတွင် အလုပ်အကျွေးပြု ကုသိုလ်ယူနေလျှက် ရှိပါသည်။ အသေးစိတ်အား သွားရောက် မေးမြန်းစုံစမ်းလိုပါလျှင် တိုင်းရင်း သမားတော်ကြီး အဌာရသ ဆရာသောင်း၊ ဓုတင်ဆောင်၊ မဟာစေတျာ ရာမဘုရားကြီး ကျောင်းတိုက်၊ ဟင်္သာတမြို့သို့ သွားရောက် မေးမြန်းနိုင်ပါသည်။
Hinthadanewsupade
ဆက်လက် မျှဝေပေး ပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။
(ကင်ဆာရောဂါ ဝေဒနာဆိုးမှ လူသားတိုင်း ကင်းလွတ်နိုင် ကြပါစေ။)
By : ကိုကွန်း
lutawlupyaw
No comments:
Post a Comment