Thursday, April 2, 2015

" မိမိကိုယ်ကိုကျေနပ်ပါ၊ ရောင့်ရဲ တင်းတိမ်ပါ "

" မိမိကိုယ်ကိုကျေနပ်ပါ၊ ရောင့်ရဲ တင်းတိမ်ပါ "


လူတိုင်းက မိမိကိုယ်ကို ကိုယ့်ထက်သာတဲ့လူနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်တတ်ကြပါတယ်။ မိမိကိုယ်ကို ပြန်အားပေးပြီး ရောင့်ရဲတတ်ဖို့နဲ့ ကျေနပ်တတ်ဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

တကယ်တမ်းကိုယ့်ထက်သာတဲ့ လူတွေဆိုတာက ကိုယ့်ထက် အဘက်ဘက်ကနေ သာလွန်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ကံ၊ ဥာဏ်၊ ၀ီရိယ အစ ရှိတဲ့ အကြောင်းအရာတွေအကုန်လုံးက သာလွန်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကံအရမ်းကောင်းနေပေမဲ့ ဥာဏ်နဲ့ ၀ီရိယက  ယှဉ်တွဲပြီး ပါမလာဘူးဆိုရင် အောင်မြင်မှု ရရှိမှာ မဟုတ်သလို ဥာဏ်နဲ့ ၀ီရိယက ကောင်းနေပေမဲ့လည်း ကံက ပါမလာဘူးဆိုရင်တော့ အများလို အောင်မြင်မှုမျိုးကို ရရှိမှာမဟုတ်ပါဘူး။

ဒါကြောင့် အများလို အောင်မြင်မှုမျိုးကို သူတို့လို ချက်ချင်းလက်ငင်းရရှိလိမ့်မယ်လို့တော့ ဘယ်တော့မှ တွေးမထားပါနဲ့။ မိမိဟာ ဥာဏ်နဲ့ ၀ီရိယကို အားစိုက်ကြိုးစားနေပြီဆိုရင်တော့ ဆက်ကြိုးစားပါ ကံအကြောင်းတရားဟာ သူ့ဟာသူ အလိုလို ရောက်လာပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်။ မိမိဟာ ကံအရမ်းကောင်းနေတဲ့ လူတစ်ယောက်ဆိုရင်တော့ ဥာဏ်နဲ့ ၀ီရိယကို အားထုတ်ကြိုးစားလိုက်ရင် သင်မျှော်လင့်နေတဲ့ အောင်မြင်ကို လျှင်မြန်စွာရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ဘ၀အတွက်ကြိုးစားနေချိန်မှာ အများကို အရမ်းမကြည့်ပါနဲ့။ ကြည့်တော့ကြည့်ပါ သူတို့ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတဲ့ ကြိုးစားမှုကို အတုယူဖို့ ကြည့်ပါ။ မိမိကိုယ်ကို ကျေနပ်နိုင်မှ ရောင့်ရဲတင်းတိမ် နိုင်ပါမှ မိမိဘ၀အတွက် စိုးရိမ်ကင်းကင်းနဲ့ ကြိုးစားနိုင်မှာဖြစ်ပါတယ်။

Written By Aung Ko Htet

#akh_mmitknowledge
Knowledge Bank



lutawlupyaw

No comments:

Post a Comment