Tuesday, April 7, 2015

"ယနေ့ခေတ်၏ ခါးသီးဖွယ် အမှန်တရားများ"

"ယနေ့ခေတ်၏ ခါးသီးဖွယ် အမှန်တရားများ"

ကျွန်တော်တို့ခေတ်မှာ အိမ်ကြီးအိမ်ကောင်းတွေတော့ ပိုများလာပါပြီ။

ဒါပေမဲ့ နွေးထွေးကြင်နာတတ်တဲ့ မိသားစုဝင်တွေတော့ နည်းပါးလာပါပြီ။

ဘွဲ့တွေ ဒီဂရီတွေ သိပ်ကိုများပြားလာပါပြီ။ 

ဒါပေမဲ့လည်း စဉ်းစားဆင်ခြင်ဥာဏ်တွေ သိသိသာသာကျဆင်းနေပါပြီ။

အသိပညာ ဗဟုသုတတွေလဲ တိုးတက်လာပါပြီ။

ဒါပေမဲ့ ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းတွေ ကျဆင်းကုန်ပါပြီ။

အရာရာတိုင်းဟာ အဆင်ပြေချောမွေ့မှုတွေနဲ့ တိုးတတ်နေပါပြီ။

ဒါပေမဲ့လည်း အချင်းချင်းအတွက် လက်ထဲမှာ အချိန်မရှိ ဖြစ်နေပြီ။

ခေတ်မီဆေးဝါးတွေ ပေါများလာပါပြီ။

ဒါပေမဲ့လည်း ကျန်းမာသန်စွမ်းသူတွေကတော့ တဖြည်းဖြည်း လျော့နည်းလာပါပြီ။

ကျွန်တော်တို့ခေတ်မှာ လကမ္ဘာထိ သွားရောက် လည်ပတ်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့လည်း လမ်းလေးကျော်ပြီးသွားရင်ရတဲ့ အိမ်နီးချင်းတွေဆီ မရောက်နိုင်ဖြစ်နေပါပြီ။

ခုချိန်မှာ အမြန်ကျက်လွယ်တဲ့ Fast Food တွေ သုံးဆောင် လာကြပါပြီ။

ဒါပေမဲ့ ဒီလို စားသောက်မှုတွေကြောင့် အစာချေဖျက်နှုန်းတွေ သိပ်ကိုနှေးကွေးနေပါပြီ်။

စီးပွားရေးအရ ပေါင်းသင်းဆက်ဆံမှုတွေ တိုးတတ်လာခဲ့ပါပြီ။

ဒါပေမဲ့ စိတ်ရောလူပါ နှစ်မြှုပ်ပေါင်းသင်းကြတဲ့ ခင်မင်ရင်းနှီးမှုတွေ နည်းပါးနေပါပြီ။

ခုကျွန်တော်တို့နေထိုင်တဲ့ ၂၁ ရာစုဟာ ပြတင်းကကြည့်လိုက်ရင် အများကြီး မြင်နေရပြီး အခန်းထဲမှာတော့ဘာမှမရှိတဲ့ခေတ် ဖြစ်နေပါပြီ။

-ဒလိုင် လာမာ (Dalai Lama)

ဂန္တဝင် မဂ္ဂဇင်း



lutawlupyaw

No comments:

Post a Comment