Friday, April 3, 2015

"ကိုယ်ဝန်ဆောင်များ ထောပတ်သီး စားသုံးခြင်းဖြင့် သန္ဓေသားနှင့် အမြှေးပါး ဖွံ့ဖြိုးစေနိုင်"

"ကိုယ်ဝန်ဆောင်များ ထောပတ်သီး စားသုံးခြင်းဖြင့် သန္ဓေသားနှင့် အမြှေးပါး ဖွံ့ဖြိုးစေနိုင်"

ထောပတ်သီးတွင် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေသော ဗီတာမင်ဓာတ် များစွာ ပါဝင်နေသည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များ ထောပတ်သီး စားသုံးပေးခြင်းဖြင့် မိမိ၏သန္ဓေသားကို ဖွံ့ဖြိုးစေနိုင်ပြီး သန္ဓေသား အမြှေးပါး ဖွံ့ဖြိုးစေနိုင်သောကြောင့် စားသုံးပေးသင့်ကြောင်း သားဖွားမီးယပ်ဆိုင်ရာ အထူးကု ဆရာဝန်တစ်ဦးက အကြံပြု ပြောကြားသည်။

ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် မိမိရင်သွေးငယ်များ ကျန်းမာကြံ့ခိုင်စေရေးအတွက် အာဟာရဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်းအပြင် အိပ်ရေးဝအောင်အိပ်ရန်လည်း လိုအပ်ကြောင်း သိရသည်။ ထောပတ်သီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် ပိုတက်ဆီယမ်များ ပါဝင်သောကြောင့် စားသုံးပေးသင့်သည့် အသီး တစ်မျိုးဖြစ်သည်။

''ထောပတ်သီးဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောကို ဖယ်ရှားပေးပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်လို့ စားသုံးသင့်ပါတယ်။ ထောပတ်သီးမှာ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ထောပတ်သီးမှာ သကြားဓာတ်၊ ကာဗိုဟိုက်ဒြိတ်ဓာတ် အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန် ကျချင်တဲ့သူတွေနဲ့ အဆီကျချင်တဲ့ သူတွေလည်း စားသုံးပေးသင့် ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် ထောပတ်သီးသည် မျက်စိအမြင်အာရုံကို ကောင်းမွန်စေနိုင်ပြီး ထုံကျဉ်ကိုက်ခဲသည့် ရောဂါများ၊ အအေးမိ၊ နှာစေးခြင်းများနှင့် သွားဖုံးတွင် သွေးယိုခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကောင်းစေခြင်းအပြင် ကင်ဆာရောဂါကိုလည်း အတန်အသင့် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ဂူဂူး


#Themyawadydaily



lutawlupyaw

No comments:

Post a Comment