Friday, April 3, 2015

"သွားဖြူဖွေးလိုသူများ ဆောင်ရန်၊ ရှောင်ရန်များ"

"သွားဖြူဖွေးလိုသူများ ဆောင်ရန်၊ ရှောင်ရန်များ"

သွားဖြူလိုသူများ၊ သွားအရောင် တူညီလိုသူများ၊ သွားများတွင်ဖြစ်ပေါ်တတ်သော အစင်းကြောင်းများကို ဖျောက်ပစ်ချင်သူများသည် ပလုတ်ကျင်းရည်၊ သွားတိုက်ဂျယ်၊ သွားတိုက်ဆေး၊ အရောင်ချွတ်ဆေး အမျိုးမျိုးကို အသုံးပြုတတ်ကြရာဝယ် အကျိုးသက်ရောက်မှု ရှိသော်လည်း ဖြူဖွေးလှပသော သွားများကို ရေရှည်ပိုင်ဆိုင်လိုသူများ အနေဖြင့် စောင့်ထိန်း လိုက်နာသင့်သော ဆောင်ရန် ရှောင်ရန်များကို သုတေသီများက ဖော်ပြထားသည်။

သွားအရောင်ညီအောင် အသုံးပြုရ တဲ့ဆေးတွေမှာ ဟိုက်ဒရိုဂျင်ပါရောဆိုက် ပမာဏများများလေး ပါပါတယ်။ အသုံး ပြုသူတွေမှာ သွားကျင်တာ၊ သွားဖုံးယောင်တာဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ သွားအစွန်း ချွတ်တဲ့ဆေးတွေကို ပိုသုံးလို့  ပိုပြီးပြောင်တာ မဟုတ်ပါဘူး။ ၂ ရက်ပဲသုံးရမယ့် အစွန်းချွတ်ဆေးကို ၁ ပတ်သုံးလို့လည်း ပိုပြီးထူးလာမှာ မဟုတ်ပေမယ့် သွားကိုထိခိုက်မှုပဲ ပိုလာမှာဖြစ်ပါတယ်။

အချို့သွားစိုက်ဆရာဝန်တွေက အပူတို့ လေဆာတို့ကို အသုံးပြုပြီး သွားကိုအရောင်ချွတ်ကြပါတယ်။ ဒီနည်းစနစ်က သွားရဲ့အလယ်ဗဟိုမှာရှိတဲ့ ပါလ်ပယ်တစ်ရှူးကို ထိခိုက်စေပြီး သွားအမြစ်ကိုပါ ပျက်စီးစေပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

အပူဓါတ်၊ လေဆာရောင်ခြည် အစရှိသည် တို့သည် သွားကို အရည်ခမ်းခြောက်စေပြီး အရောင်အားဖြင့် ပိုဖြူစေသော်လည်း သွားအဖို့ သဘာဝအတိုင်း ပြန်လည်စိုစွတ်နိုင်ရန် ရက်သတ္တပေါင်းမြောက်များစွာ ကြာမြင့်လေ့ရှိပြီး သွားအရောင် အနည်းငယ် ညစ်သွားလျင် သွားတွင် အရည်ဓါတ် ပြည်လည်ပြည့်ဖြိုးလာသည့် သာဓက ဖြစ်ကြောင်း သိရသည်။

တစ်ကယ်တော့ လေဆာရောင်ခြည်ဟာ သွားကို ဘာမှမပြောင်းလဲစေပါဘူး။ ဒါပေမယ့် နောက်ကွယ်က ဈေးကွက် မြှင့်တင်ရေးလှုပ်ရှားမှုက အားပါလွန်းလေတော့ လူတွေက လေဆာရောင်ခြည်နဲ့မှ ဆိုတာလိုမျိုး ဖြစ်ကုန်ပါတယ်။ သွားကို အစွန်းမချွတ်ခင်မှာ သွားဖာထားသလား၊ သွားအစွပ်တပ်ထားသလား ဆိုတာ သေသေချာချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ လေဆာရောင်ခြည်ကြောင့် ဒီသွားဖာထားတာ၊ အစွပ် တပ်ထားတာတွေ ဖောင်းပွသွားနိုင်ပြီး ကာယကံရှင်မှာ အလွန်ဆိုးရွားစွာ ခံစားရနိုင်ပါတယ်ဟု ယင်း သုတေသီက ဆက်လက်ပြောပြသည်။

ထို့ကြောင့် သွားဖြူဖွေးလို သူများသည် အပူပေးကုထုံး၊ လေဆာကုထုံး အစရှိသည်တို့ကို အရမ်းကာရော မခံယူသေးဘဲ သေချာစွာလေ့လာရန် လိုအပ်ပြီး ၀ိုင်၊ ကော်ဖီ၊ ကိုလာ၊ ဆေးလိပ် အစရှိသည်တို့ကလည်း သွားအရောင်ကို ညစ်စေသည်ကို ဂရုပြုကာ အသက်အရွယ်ကြောင့် သွားကြွေလွှာပျက်စီးပြီး သွားအရောင် ၀ါလာလေ့ရှိသည်ကိုလည်း သဘာဝအတိုင်း လက်ခံခြင်းဖြင့် သွားအရောင်ဖြူခြင်း မဖြူခြင်းထက် သွားကျန်းမာရေးကိုသာ ပို၍ အာရုံစိုက်သင့်ကြောင်း သုတေသီများက တိုက်တွန်းထားသည်။

Lashio News Diary



lutawlupyaw

No comments:

Post a Comment