Tuesday, January 26, 2016

"ရည်းစားဟောင်း ကိုယ့်ဆီ ပြန်လာစေမယ့် နည်းလမ်း (၇) ခု"



Lutaw Lupyaw

"ရည်းစားဟောင်း ကိုယ့်ဆီ ပြန်လာစေမယ့် နည်းလမ်း (၇) ခု"

တစ်ခါတစ်ရံမှာ ချစ်ကြရက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတာမျိုးလည်း ရှိတက်ပါတယ်။

ပြီးပြည့်စုံတဲ့ ချစ်သူ သမီးရည်းစား ဆက်ဆံရေးမျိုးကို ရဖို့တော့ မလွယ်လှပါဘူး။ တစ်ခါတစ်ရံလည်း အဖုအထစ်လေးတွေ ရှိနိုင်ပါတယ်။ ချစ်ကြရဲ့သားနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲရတာတွေတောင် ရှိပါတယ်။

ချစ်ရသူနဲ့ ပြတ်စဲသွားတဲ့အခါ သူ့ကို အနားပြန်လာစေချင်သူတွေလည်း ရှိမှာပါ။ သင့်ဆီကို ရည်းစားဟောင်း စိတ်ပြန်လည်လာစေဖို့ ကူညီပေးနိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ တောင်းပန်လိုက်ပါ။ ကိုယ့်ဘက်က ချစ်တယ်ဆို တောင်းပန်ဖို့ ဝန်မလေးပါနဲ့။

၂။ ပြောင်းလဲလိုက်ပါ။ သူမကြိုက်တဲ့ အရာတွေ ပြောင်းလဲလိုက်ပေါ့။

၃။ ရိုမန်တစ် ဆန်ပြလိုက်ပါ။ ရိုမန်တစ်ဆန်ဆန် ချစ်တဲ့သူကို ဘယ်သူက မကြိုက်ပဲ နေမှာတဲ့လည်း။

၎။ မျက်နှာချင်းဆိုင်တွေ့ပြီး ပြောပြပါ။ ဖုန်းနဲ့ သွားရှင်းမပြပါနဲ့။

၅။ လွမ်းကြောင်းပြောပါ။ မတွေ့ရတဲ့ အချိန်တွေမှာ သူ့ကို ဘယ်လောက်လွမ်းကြောင်း ပြောပေးပါ။

၆။ သူငယ်ချင်းတွေကို အသုံးချပါ။ သူ့သူငယ်ချင်းတွေ ကိုယ့်သူငယ်ချင်းတွေ ကြားထဲမှာ ပြန်ဆက်သွယ်ပါ။

၇။ အရင်က ရိုမန်တစ်ဆန်ဆန် ရှိခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပါ။ စိတ်ညစ်ညူးခဲ့ရတဲ့ အကြောင်းတွေကိုတော့ ပြန်မပြောပါနဲ့။

Source : Witty

Credit: duwun



No comments:

Post a Comment