Lutaw Lupyaw
"အရပ်ပုတဲ့ မိန်းကလေးတွေပဲ နားလည်နိုင်မယ့် အသေးစား ပြဿနာလေးများ"
အရပ်ပုရင် နုတယ်လို့ ဆိုကြပါတယ်။ လူတိုင်းက ချစ်စရာ ကောင်းတယ်လို့ ထင်ကြတယ်။ ကိုယ်လုံးသေးသေးနဲ့ဆိုတော့ လူအုပ်ကြားထဲတိုးရင် အလွယ်တကူ ရှေ့ရောက်သွားနိုင်တယ်။ လေယာဉ်၊ ရထား၊ ကားတွေနဲ့ ခရီးရှည် သွားရတဲ့အခါမှာ ဆိုရင်လည်း သက်တောင့်သက်တာ ခြေဆန့်ပြီး နေလို့ရတယ်။ ဒါပေမယ့် မကြီးကျယ်ပေမဲ့လည်း အနည်းငယ် စိတ်ခုစရာ အသေးစား ပြဿနာလေးတွေ ရှိပါတယ်။
အဝတ်အစား ဝယ်ပြီးတဲ့ အခါတိုင်း တိုသွားအောင် ပြန်ပြင်ရလို့ အပိုပိုက်ဆံ ကုန်ရတတ်တာ (ဂျင်းဘောင်းဘီတွေက အမြဲ ပိုရှည်အောင် ချုပ်ထားသလိုပဲ ခံစားရတာမျိုးပေါ့)
ပွဲတက်ဂါဝန်တွေ၊ ဘောင်းဘီတွေ၊ စကတ်တွေ စမ်းဝတ်ကြည့်တဲ့အခါ လူကြီးတစ်ယောက်ရဲ့ အင်္ကျီယူဝတ်ထားတဲ့ ကလေးတစ်ယောက်နဲ့ တူနေတတ်တာ။ ကိုယ့်ကို အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်လို့ လူအများက မမြင်တာမျိုး ကြုံရတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။
ဒေါက်မြင့်ဖိနပ် စီးရတာများတော့ ဖနောင့်နာတာ၊ ခြေသလုံးတွေ တောင့်နေတတ်တာ။ (ကိုယ့်ကို အရပ်ပိုရှည်တယ်လို့ လူတွေထင်အောင် လှည့်စားနိုင်ဖို့အတွက် ဖိနပ်အပါး စီးဖို့ကိုတောင် မေ့လျော့နေတတ်တယ်။)
ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတွေ၊ ရှိုးပွဲတွေသွားရင် ရှေ့မှာ လူရှိနေရင် ဘယ်လိုမှ သက်တောင့်သက်တာ ကြည့်လို့မရတော့ဘူး။ (ရှေ့ကလူကို ကျော်ကြည့်နိုင်ဖို့ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက် ဖြစ်ရတတ်တယ်၊ ခြေဖျား ထောက်ကြည့်ရတတ်တယ်)
စင်တစ်ခုရဲ့ အပေါ်ဆုံးအဆင့်ဆိုရင် အကူအညီမပါဘဲ မမီနိုင်ပါဘူး (လူ၊ လှေကား၊ ခုံ စသည်ဖြင့် တစ်ခုခု အကူအညီယူမှ အဆင်ပြေနိုင်တယ်။)
အရပ်မြင့်တဲ့ သူတစ်ယောက် ဘေးနား ရောက်လာတဲ့အခါတိုင်း စိတ်ထဲမှာ အားငယ်သလို ဖြစ်သွားတတ်တယ်။ (ကိုယ်က သူ့အရိပ်အောက်မှာ ပျောက်နေသလိုမျိုး ခံစားရတတ်ပါတယ်)
လူတွေက ကိုယ့်ကို အရပ်ပုတယ်လို့ အမြဲ ပြောနေသလို ခံစားနေရတတ်တာ။ (စနောက်ပြီးဖြစ်ဖြစ်၊ နှိမ်ချပြီးဖြစ်ဖြစ် ပြောနေကြမယ်လို့ တွေးပူနေတတ်တယ်။)
ခင်သူဇာ
Credit: Trend Myanmar
Friday, January 15, 2016
"အရပ်ပုတဲ့ မိန်းကလေးတွေပဲ နားလည်နိုင်မယ့် အသေးစား ပြဿနာလေးများ"
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment