Saturday, January 2, 2016

"အသည်းတွေ ခဏခဏ ကွဲနေတဲ့လူလား"



Lutaw Lupyaw

"အသည်းတွေ ခဏခဏ ကွဲနေတဲ့လူလား"

အချစ် ဆိုသောအရာ

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား? ပျော်ရွှင်နေတဲ့အချစ်ရေးကို
ဒီထက်ပိုပြီး ပျော်အောင် ဖန်တီးချင်လား? အချစ်မှာ ကံကောင်းစေဖို့ မသိလိုက်တဲ့ လျှို့ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ်။
ကဲ လေ့လာကြည့်ကြမယ်နော်။

နားလည်မှုအချစ်

လူတွေဟာ အချစ်နဲ့တွေ့ရင် အရည်ပျော်သွားတတ်ကြသလို၊
စိုးရိမ်ပူပန်မှုတွေလည်း ရှိလာတတ်ကြတယ်။
အဲ့ဒါက အပြစ်တော့မဟုတ်ပါဘူး။ သဘာဝထဲက သဘာဝတစ်ခုပဲလေ။ အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာ လိုက်လျောညီထွေဖြစ်အောင် နေဖို့ပါပဲ။ case တစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။ သင့်ရဲ့ စိုးရိမ်ပူပန်မှု၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန့် စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခုက သင်က သူ့ကို ချစ်ပါလျက်နဲ့ အေးစက်စက်အပြုအမူတွေ၊
အပြောအဆိုတွေကြောင့် သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေ မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နားလည်မှုဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ် ဆိုရင်တော့
ပိုပြီး ပျော်ရွှင်နိုင်လိမ့်မယ် ထင်ပါတယ်နော်။

မျက်မြင်ကိုယ်တွေ့မှ ယုံပါ

ချစ်သူနှစ်ဦးကြားမှာ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင်
ကြားစကားတွေကို ဘယ်တော့မှ မယုံမိပါစေနဲ့။
ကြားစကားတွေနဲ့လည်း ချစ်သူကို စကားနာ မထိုးမိပါစေနဲ့နော်။ သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀% မယုံမိပါစေနဲ့။ တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေ ဖြစ်ခဲ့မယ်ဆိုရင် သင့်ထံ မကြာမီ ရောက်လာမှာပါ။ သင့်ဘက်ကသာ အစစ်အမှန်တွေ ပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကို ကံတရားက သင့်အတွက် ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြဿနာတွေကို
တွေးပြီး စိတ်ပူမနေပါနဲ့။ သင်ဟာ နဂိုကတည်းက သံသယများတတ်တယ် ဆိုရင်တော့ အစကတည်းက သင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်း မေးထားပါ။ သူ ဘယ်အချိန် ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကို ဇယားချထားပါ။ နှစ်ဦးနှစ်ဘက် မညာစတမ်း ပွင့်ပွင့်လင်းလင်း စကားပြောထားပါ။ ဒါကြောင့် အရေးမကြီးတဲ့ စွပ်စွဲချက်တွေကို ရှောင်ရှားဖို့ အစကတည်းက
နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှုတွေနဲ့ အချစ်အဓွန့်ရှည်ပါစေ

အချစ်ကို တွေ့ရှိပြီးနောက် ကိုယ့်ဆီက ထွက်မသွားစေဖို့ ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ၊ တိုက်ဆိုင်မှုလေးတွေနဲ့ ချစ်သက်တမ်းလေး ဆွဲဆန့်ကြည့်ပါ။ သင့်အတွက် နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့တောင် တိုက်ဆိုင်မှုလေးတွေရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သင်ဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်လေးတွေကအစ
စားသောက်မှုလေးတွေ၊ အကြိုက်လေးတွေအဆုံး နေ့စဉ်စကားပြောတိုင်း တိုက်ဆိုင်ကြည့်ပါ။ သင်ဟာ သူ့ကို တကယ်ချစ်ရင် အနေဝေးနေပေမဲ့ အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ်။ ဒါ့ပြင် သင်သိပ်ကြိုက်တဲ့ မင်းသား၊ မင်းသမီး၊
အစားအစာ၊ ရုပ်ရှင်၊ အရောင် စသည်ဖြင့် သူ့ကို ပြောပြထားပါ။ သူရဲ့အကြိုက်လေးတွေကိုလည်း မေးပြီး မှတ်သားထားပါ။ အံ့သြစေမယ့် အကြောင်းအရာလေးတွေကိုလည်း မှတ်သားထားပါ။ တစ်ခါတစ်ရံ တစ်ဘက်သား မမျော်လင့်တဲ့ နေရာမျိုးတွေဆီကနေ အံ့သြစရာ အဖြစ်အပျက်တွေနဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီး ဖန်တီးပြပါ။ အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာ ကောင်းမှာပေါ့။ ဟုတ်ဘူးလား?

အလေ့အကျင့်လေးတွေနဲ့ ရှေ့ဆက်ပါ

သင်တို့နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင် သင်တို့နှစ်ယောက်ကြားက အချစ်တွေ
ဘယ်တော့မှ မပြယ်ပါစေနဲ့။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိ ဆက်ချစ်နေသေးတဲ့ သင်တို့နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို ဂုဏ်ယူပေးပါ။ ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်း မဟုတ်ဘဲ
နှစ်ယောက်စုံစုံညီညီနဲ့ အချစ်မှတ်တိုင် နေ့ရက်ကလေးတွေမှာ ကျင်းပပေးပါ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ
ပျော်ပျော်ရွှင်ရွှင် နက်နက်နဲနဲ ဖန်တီးပြပါ။ ချစ်သက်သေတွေ ပြပြီးတဲ့အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက် အပြုံးတစ်ပွင့်နဲ့ ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲ ရယူပါ။ ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ဆက်ရမယ့် ချစ်သက်တမ်းအတွက် အားအင်အသစ်တွေနဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ ပေးနိုင်တဲ့ စိတ်ခွန်အားပေးတဲ့ ဖန်တီးမှုလေးတစ်ခုပါ။

လက်တွဲဖော်မှန်ပါစေ

သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်း သင့်ကို လိုအပ်နေတယ်။ သင့်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား။
အချစ်ကံကောင်စေဖို့၊ အချစ်မှာ ပျော်ရွှင်ဖို့အတွက် အခြားလိုအပ်မှုပေါင်း များစွာကို ထည့်စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းက ပြည့်စုံနေတယ်ဆိုတာတော့ မရှိပါဘူး။ လိုအပ်ချက်တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အချစ်စစ်သမားအတွက်တော့ အရာရာ ဖြည့်ယူမယ်၊ နားလည်မှုတွေပေးမယ်၊ ညှိနှိုင်းကြမယ်ဆိုတဲ့ ပန်းတိုင်ကို မျှော်လင့်နိုင်ပါတယ်။ ဆင်ခြေတွေကို
အမြဲမပေးပါနဲ့။ လက်ရှိအခြေအနေတွေကို ရိုးသားပါ။ ကိုယ်ကလည်း အစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေပေးမှ ဖြစ်မှာပေါ့။ ဟုတ်ဘူးလား? သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့ ဘယ်တော့မှ မစဉ်းစားပါနဲ့။ ဒါကိုလည်း သူသိအောင် လုပ်ပါ။ သင်တို့နှစ်ဦးကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ်။

Credit: လက်တွဲဖော်



Lutaw Lupyaw

No comments:

Post a Comment