Lutaw Lupyaw
"အခုခေတ် ကလေးငယ်တွေရဲ့ ကိုးရာနှုန်းသာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိ"
အခု တိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ ဖြူစင်တဲ့ ကလေးငယ်တွေဟာ မိုဘိုင်းပစ္စည်းတွေနဲ့ ကျွမ်းဝင်နေကြပြီး ကလေးငယ် ဆယ်ယောက်မှာ တစ်ယောက်လောက်သာပဲ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်မှု ရှိတော့တယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ တစ်နေ့ကို ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့အတွက် မိဘတွေရဲ့ တိုက်တွန်းမှုဟာလည်း နည်းပါးသွားပြီး မိဘအချို့ကသာ တစ်နေ့ကို တစ်နာရီကနေ သုံးနာရီအထိ ကလေးငယ်တွေကို ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခိုင်းနေပါတယ်။
ဒါ့ကြောင့် ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးဌာနကတော့ သက်ဆိုင်ရာ အစိုးရတွေကို ဒီလို ကလေးငယ်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ် ပြောင်းလဲပေးဖို့ တိုက်တွန်းနေပါတယ်။ ကလေးငယ်တွေဟာ တစ်နေ့ရဲ့ ငါးပုံတစ်ပုံလောက်တော့ ကိုယ်လက်လှုပ်ရှားမှု ရှိမှလည်း ကျန်းမာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကလေးငယ်တွေဟာ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် အဝလွန်တာတွေ၊ နှလုံးရောဂါတွေနဲ့ အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မနေနိုင်တဲ့ ပြဿနာတွေ အခုခေတ်မှာ အဖြစ်များနေတယ်လို့လည်း ပြောပါတယ်။
အခုဆိုရင်တော့ ဗြိတိန်နိုင်ငံမှာ ကလေးငယ်တွေ လေ့ကျင့်ခန်း ပြုလုပ်ဖြစ်စေဖို့အတွက် တိုက်တွန်းပေးမယ့် ကျန်းမာရေး လုပ်အားပေးတွေ အလိုရှိနေပါတယ်။ ကလေးငယ်တွေ လမ်းလျှောက်တာတွေ၊ ပြေးတာတွေ၊ တောင်တက်တာတွေ၊ စက်ဘီးစီး စတာတွေကို လုပ်ဆောင်ဖို့ ကလေးတွေနဲ့ အတူ ကျန်းမာရေးလုပ်သားတွေက ကူညီပေးသွားရမှာပါ။
ဦးဆောင်လေ့လာသူ Elaine McNish ကတော့ "ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေကိုတော့ အမြဲတမ်း တက်တက်ကြွကြွဖြစ်ပြီး ကျန်းမာအောင် လုပ်ပေးရပါမယ်။ သူတို့ဟာ တစ်နေ့မှာ ဖျတ်လတ်တဲ့ ဦးဆောင်သူတွေ ဖြစ်လာမှာပါ။ သူတို့အတွက် လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ဖန်တီးပေးရပါလိမ့်မယ်" လို့ ပြောပါတယ်။
ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေ ကလေးတွေကို ပြုလုပ်ပေးတာဟာဆိုရင်တော့ ကလေးငယ်တွေ အဝလွန်တာတွေ လျော့ကျသွားစေမယ့်အပြင် အရိုး၊ ဦးနှောက်နဲ့ ကြွက်သားတွေ ကြံ့ခိုင်လာအောင်လည်း ကူညီပေးပါတယ်။ ကလေးငယ်တွေမှာ ဒီလို အလေ့အကျင့်ကောင်းတွေ ရှိနေရင်တော့ လာမယ့် အနာဂတ်မှာလည်း ကျန်းမာတဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာပါလို့လည်း ဖော်ပြထားပါတယ်။
(Paing A K)
သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
Wednesday, January 20, 2016
"အခုခေတ် ကလေးငယ်တွေရဲ့ ကိုးရာနှုန်းသာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိ"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment