Saturday, January 2, 2016

"ဘ၀ဆိုတာ…"



Lutaw Lupyaw

"ဘ၀ဆိုတာ…"

ဘ၀ဆိုတာ နံနက်ခင်းပွင့်တဲ့ပန်းလို အမြဲ မွှေးပျံ့မနေနိုင်ဘူး… အိမ်မက်ဆိုးမက်တဲ့ ညလို ခဏခဏ ချောက်ခြားမနေဖို့ကိုပဲ ကြိုးစားပါ။

ဘ၀ဆိုတာ ချိုသာတဲ့ ရယ်သံတွေချည်းနဲ့တော့ အမြဲ တန်ဆာဆင်ထားနိုင်မှာ မဟုတ်ဘူး… အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ့ အက်ကွဲနေတဲ့ ငိုသံတွေကို ခဏခဏ အန်ချမနေမိဖို့ကိုပဲ ကြိုးစားပါ။

ဘ၀ဆိုတာ ချစ်ခင်သူတွေနဲ့ချည်း အချိန်ပြည့် ဆုံဆည်းပျော်ရွှင်နိုင်မှာ မဟုတ်ဘူး… အဆင်မပြေတိုင်း ခဏခဏ လွှင့်ပစ်လိုက် ပြန်ကောက်လိုက်လုပ်တဲ့ အမှတ်တရတွေအတွက် အလုပ်မရှုပ်မိအောင်ကိုပဲ ကြိုးစားပါ။

ဘ၀ဆိုတာ လိုတရ ပြီးပြည့်စုံနိုင်ခြင်းနဲ့ချည်း ဖြစ်တည်နေနိုင်မှာ မဟုတ်ဘူး… မတတ်နိုင်တဲ့ အရာတွေကိုပဲ တွေးနေပြီး တတ်နိုင်တာတွေကို မမေ့ထားမိဖို့ကိုပဲ ကြိုးစားပါ။

ဒါဆို သင်ဝမ်းနည်းတဲ့ အကြိမ်အရေအတွက်ထက် သင်ပြုံးတဲ့ အကြိမ်က ပိုများလာလိမ့်မယ်။

Credit: ကြည်ဖြူခင်ခင်



Lutaw Lupyaw

No comments:

Post a Comment