Tuesday, January 12, 2016

"တွေ့ခွင့် ရချင်တယ်"



Lutaw Lupyaw

"တွေ့ခွင့် ရချင်တယ်"

ချစ်သူရေ… တွေ့ခွင့် ရချင်တယ်။ လမ်းဘေး အကြော်ဆိုင်လေးမှာ ဖြစ်ဖြစ်ပေါ့။ အဓိက မင်းနဲ့ တွေ့ချင်တာပါပဲ။

ချစ်သူရေ… စကားတွေအများကြီး ပြောချင်တယ် ဘာအကြောင်းအရာတွေ ဖြစ်ဖြစ်ပေါ့။ အဓိက မင်းနဲ့ စကားပြောချင်တာပါပဲ။

ချစ်သူရေ… အများကြီးလွမ်းလား? နဲနဲလေးလွမ်းလား? မမေးချင်ပါဘူးဟာ။ အဓိက မင်း လွမ်းတဲ့သူဟာ ငါ ဖြစ်ချင်တာပါပဲ။

ချစ်သူရေ… မင်း အောင်မြင်လား? ရှုံးနိမ့်နေလား? ဒါတွေ မလိုပါဘူးဟာ။ မင်း အောင်မြင်နေချိန် လက်ခုပ်တီးပေးသူ၊ ရှုံးနိမ့်နေချိန် ဖေးမပေးသူ ငါ ဖြစ်ချင်တာပါပဲ။

ချစ်သူရေ… 
ငါ ငိုနေချိန် မျက်ရည်သုတ်ပေးတာ မင်းလက်လေးပဲ ဖြစ်စေချင်တယ်။
ငါ အားနည်းနေချိန် မှီထားတာ မင်းရဲ့ ပုခုံးလေးပဲ ဖြစ်စေချင်တယ်။
ငါ ပျော်ရွှင်နေချိန် မင်းရဲ့ ရယ်သံလေးနဲ့ ပိုသာယာစေချင်တယ်။
ငါ့ရဲ့ ပါးပြင်ပေါ်မှာ မင်းရဲ့အနမ်းများသာ ပန်ဆင်ချင်တယ်။
ဘ၀တစ်လျှောက်လုံးကို မင်းနဲ့အတူ ဖြတ်သန်းချင်တယ်။

Credit: လက်တွဲဖော်




Lutaw Lupyaw

No comments:

Post a Comment