Thursday, January 28, 2016

"ဘယ်ဘက် စောင်းအိပ်ပေးသင့်တဲ့ အကြောင်းအရင်း တချို့"



Lutaw Lupyaw

"ဘယ်ဘက် စောင်းအိပ်ပေးသင့်တဲ့ အကြောင်းအရင်း တချို့"

လူအများစုက သူတို့အိပ်တဲ့ ကိုယ်နေဟန်ထားက အစာခြေချက်မှုစနစ်ကို သိသိသာသာ အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ အချက်ကို သတိမမူမိကြပါ။ ဒီလို အခိုင်အမာ ပြောဆိုခြင်းအတွက် ပထမဆုံး သက်သေ အထောက်အထားကတော့ အစာခြေချက်မှု ပိုမိုကောင်းမွန်စေရန် ဘုန်းကြီးများ ထမင်းစားပြီး တစ်မှေးလောက် အိပ်စက်အနားယူတဲ့အချိန် ဟိုး ရှေးယခင်ကတည်းကနေ ဖြစ်ပါတယ်။

ဒီအချက်ကို Ayurvedic Medicine လို့ခေါ်တဲ့ ဟိန္ဒူ တိုင်းရင်းဆေးပညာတစ်မျိုးမှ အတည်ပြု ထောက်ခံထားပြီး ဘယ်ဘက် စောင်းအိပ်ပေးတာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုထားပါတယ်။ ဘာကြောင့် ဘယ်ဘက် စောင်းအိပ်ပေးသင့်လဲဆိုတဲ့ အကြောင်းရင်း တချို့တွေမှာတော့

သွေးဖြူဆဲလ်များပါရှိတဲ့ ကိုယ်တွင်းထွက် အရည်ကြည်စီးထွက်မှု လွယ်ကူ ချောမွေ့စေပါတယ်။

နှလုံးမှ ခန္ဓာကိုယ်ဆီ သွေးပို့လွတ်မှု ပိုမိုကောင်းမွန်စေတယ်။

ခန္ဓာကိုယ်မှ အန္တရာယ်ဖြစ်စေတဲ့ အရာများ ရှင်းထုတ်ပေးတယ်။

သရက်ရွက်ရဲ့ အလုပ်လုပ်မှု ပိုမိုကောင်းမွန်စေတယ်။

အစာခြေချက်မှု ကောင်းတယ်။

နှလုံးဆီ သွေးစီးဆင်းမှုနဲ့ သည်းခြေရည် စီးဆင်းမှု ပိုမို ကောင်းမွန်စေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar


No comments:

Post a Comment