Saturday, January 16, 2016

"အချစ်ဆိုသည်မှာ"



Lutaw Lupyaw

"အချစ်ဆိုသည်မှာ"

အချစ်ဆိုသည်မှာ ကိုယ်ချစ်တဲ့သူ ပျော်နေတာနဲ့တင် ကိုယ်ပါ အလိုလို ပျော်နေမိတာမျိး၊ သူ စိတ်မချမ်းသာချိန်မှာ ကိုယ်လဲ မပျော်နိုင် ဖြစ်နေတတ်တာမျိုးပါ။ ကံကြမ္မာအကောင်း၊ အဆိုးမှန်သမျှကို ရင်ဆိုင်ရချိန်တိုင်းမှာ အတူတကွ အမြဲ ရှိနေကြပါတယ်။ အချစ်က ခွန်အားတွေရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ အချိန်တိုင်း ကိုယ့်ကိုယ်ကို ရိုးသားမှုရှိနေသလို ကိုယ်ချစ်တဲ့သူအပေါ်မှာလဲ အချိန်ပြည့် ရိုးသားနေတာမျိုးပါ။ မှန်ကန်တဲ့ စကားပဲ ပြောတယ်။ မှန်မှန်ကန်ကန် နားထောင်တယ်။ မှန်တဲ့ ချစ်ခင်လေးစားမှု ရှိမယ်။ ဘယ်တော့မှ ဟန်ဆောင် ဖုံးကွယ်မထားဘူး။ အချစ်က အမှန်တရားရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ဘဝရဲ့ အလိုအပ်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ နားလည် ခံစားရတာမျိုးပါ။ ကိုယ်ချစ်တဲ့သူကို ဘာကြီးဖြစ်အောင်၊ ဘယ်လိုဖြစ်အောင် ဆိုပြီး ဇွတ် ပြောင်းလဲခိုင်းဖို့လဲ ဘယ်တော့မှ မကြိုးစားပဲ သူတို့ရဲ့ ပင်ကိုယ် သဘာဝ စိတ်ဓာတ်၊ အသွင်အပြင်အတိုင်း လက်ခံနိုင်ရပါမယ်။ အချစ်ဆိုတာ ညီညွတ်စွာ ပေါင်းစည်းမှုရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ကိုယ့်ဘဝ အတွေ့အကြုံတွေကို ကိုယ့်ချစ်သူနဲ့ မျှဝေခံစားရင်း တချိန်ထဲမှာပဲ ကိုယ့်ရဲ့ စိတ်ခံစားမှု၊ စိတ်ကူးယဉ်မှုအာရုံတွေကိုပါ လွတ်လပ်စွာ ဖမ်းယူနိုင်တဲ့ ငြိမ်းချမ်း လွတ်လပ်မှုကို ခံစားလို့ ရနေတာမျိုးပါ။ ကိုယ်တိုင်ရဲ့ဘဝကို တိုးတက် ရင့်ကျက်စေသလို ချစ်သူရဲ့ဘဝကိုပါ မြင့်မားစေတဲ့ ပွားစည်းမှုမျိုးပေါ့။ အချစ်ဆိုတာ အောင်မြင်မှုရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ဘဝရှေ့ရေးကို အတူတကွ ကြံစည်ညှိနှိုင်းရင်း စိတ်လှုပ်ရှား ရင်ဖိုရတာမျိုး၊ အလုပ်တစ်ခုကို အတူတကွ လုပ်ဆောင်ရင်း စိတ်လှုပ်ရှား ရင်ဖိုရတာမျိုးပါ။ အချစ်ဆိုတာ အနာဂါတ်ရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ မုန်တိုင်းတစ်ခုရဲ့ ဒေါသလဲဖြစ်သလို သက်တန့်တစ်စင်းရဲ့ တည်ငြိမ်လှပမှုလဲ ဖြစ်တယ်။ အချစ်ဆိုတာ စိတ်လှုပ်ရှားမှု ဇောအဟုန်ရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲက ပိုင်ဆိုင်ရယူမှု၊ စွန့်လွှတ်ပေးဆပ်မှု တွေပဲပေါ့။ တစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားမှုတွေကို တစ်ယောက်က နားလည် သည်းခံနိုင်တာမျိုးပေါ့။ အချစ်ဆိုတာ မျှဝေခံစားမှုရဲ့ အရင်းအမြစ်ပါ။

အချစ်ဆိုသည်မှာ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘေးမှာ သူအမြဲရှိတယ်လို့ ခံစားသိနေတာမျိုး၊ ကိုယ့်ဘေးမှာ သူမရှိရင် လွမ်းနေတတ်ပေမဲ့ ကိုယ့်ရဲ့ နှလုံးသားထဲမှာ အချိန်တိုင်း နီးနီးကပ်ကပ် ရှိနေတယ်လို့ ခံစားနေရတာမျိုးပါ။ အချစ်ဆိုတာ လုံခြုံမှုရဲ့ အရင်းအမြစ်ပါ။

တကယ်တော့ အချစ်ဆိုတာ ဘဝရဲ့ အရင်းအမြစ်ပါပဲ။

Credit: Mogok Thar



No comments:

Post a Comment