Thursday, January 21, 2016

"ခေးတို့ကို ချစ်မယ်ဆိုရင်"



Lutaw Lupyaw

"ခေးတို့ကို ချစ်မယ်ဆိုရင်"

ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ချစ်မယ်ဆို ဒါတွေ သိထားဖို့လိုပါတယ်။

မိန်းကလေးဆိုတာကတော့ ကိုယ့်ချစ်သူအပေါ် ဆိုးချင် နွဲ့ချင်ကြတာချည်းပဲပေါ့။ အသက်ငယ်ငယ် ကောင်မလေးတွေကို ချစ်မယ်ဆိုရင်တော့ သည်းခံစိတ်ကို ဂိတ်ဆုံးထိသာ တင်ထားပေတော့။ သူတို့က ချစ်ဖို့လည်းကောင်းတယ်၊ ငယ်လည်းငယ်တယ်။ ဒီတော့ သူတို့နဲ့ ချစ်သူဖြစ်ခွင့် ရပြီဆိုရင် ဒါလေးတွေ သိထားဖို့လိုမှာပါ။

၁။ ဖုန်းကို ထပ်ခါတလဲလဲ ခေါ်ပါ

ဖုန်းခေါ်လို့ မကိုင်ဘူးဆိုပြီး ဒီတိုင်း မထားလိုက်ပါနဲ့။ ထပ်တလဲလဲသာ ခေါ်ပါ။ တချို့ဆိုရင် သူတို့က ဖုန်းထဲက missed call တွေကို ကြည့်ပြီး ဘယ်လောက်ထိ စိတ်ရှည်သလဲဆိုတာ စမ်းသပ်ကြတယ်ဆိုပဲ။

၂။ တားမြစ်ချက်တွေ

စကတ်တိုမဝတ်နဲ့၊ သူငယ်ချင်းတွေနဲ့ လျှောက်မသွားနဲ့ စတဲ့ စည်းကမ်းတွေ တားမြစ်ချက်တွေနဲ့ ပိတ်ပင်မိလို့ကတော့ ရှေ့ရေး ရင်လေးစရာကောင်းနေပါပြီ။ သူတို့က ငယ်ရွယ်တဲ့အပြင် ခေတ်ရဲ့ သမီးပျိုလေးတွေ ဖြစ်လို့ လွတ်လပ်မှုကို လိုလားကြပါတယ်။

၃။ အလှအပကြိုက်တယ်

ငယ်ငယ်လေးတွေဆိုတော့ သူတို့ကိုယ်တိုင်ကလည်း အလှအပ ကြိုက်သလို သူတို့ဘဲဘဲတွေကိုလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိစေချင်ပါတယ်။ သူ့ သူငယ်ချင်းတွေရှေ့မှာ ဆံပင်စုတ်ဖွားနဲ့ ဖြစ်ကတတ်ဆန်း ဝတ်စားပြီး သွားလိုက်လို့ကတော့ စိတ်ကောက်ခံရမှာ အသေအချာပါပဲ။

၎။ ချော့ပါ

စိတ်ကောက်တယ်ဆိုတာ အချော့ခံချင်လို့ ကောက်တာဆိုတော့ ချော့ဖို့သာ ပြင်ထားပေတော့။ တချို့က ပုံမှန်ဆို စိတ်မကောက်တတ်ကြပေမဲ့ နွဲ့ဆိုး ဆိုးချင်လာတဲ့အခါ အကြောင်းမရှိ အကြောင်းရှာပြီးတော့ကို ကောက်တတ်ကြပါတယ်။

၅။ စကားလုံးတိုင်း အမှန်မဟုတ်ဘူး

သူတို့ နှုတ်ဖျားက ပြောသမျှကို အမှန်လို့သာ ယုံလိုက်ရင်တော့ တက်တက်စင်အောင် လွဲပါပြီ။ စိတ်ကောက်နေတာလားလို့ မေးရင် မကောက်ဘူးလို့ ဖြေမှာပါ။ ဘာဖြစ်နေတာလဲလို့ မေးလိုက်ရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ အဖြေကိုပဲ ကြားရမှာ သေချာပေမဲ့ ဒါကို အတည်မမှတ်ဖို့ လိုပါတယ်။ မိန်းကလေးတွေက နားလည်ရခက်ပါတယ်။ ဒါကြောင့် မျက်နှာအမူအယာလေး ပျက်နေပြီဆိုရင်တော့ တစ်ခုခုတော့ မှားယွင်းနေတယ်ဆိုတာ သတိထားရမှာပါ။

၆။ နားထောင်ပါ

သင်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ လူပေါင်းစုံရဲ့ စကားတွေကို ပြောပါလိမ့်မယ်။ သူမရဲ့ သူငယ်ချင်းတွေအကြောင်း၊ ဖက်ရှင်တွေအကြောင်း၊ အဆိုတော်တွေနဲ့ သရုပ်ဆောင်တွေအကြောင်းကအစ ပြောပြတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ သင့်ကို အားကိုးခြင်းနဲ့ ယုံကြည်ခြင်းတွေထဲက ခိုင်လုံတဲ့ သက်သေတစ်ခုလည်း ဖြစ်တာမို့လို့ နားငြီးတယ်ဆိုပြီး ကျောမခိုင်းမိဖို့ လိုပါတယ်။

၇။ မေးခွန်းတွေ မေးပါ

ချစ်လား၊ စားပြီးပြီလား၊ ဘာလုပ်နေလဲ စတဲ့ ဂရုစိုက်မှုဆန်တဲ့ မေးခွန်းတွေ များများ မေးသင့်ပါတယ်။ ဒါပေမဲ့ သင်္ကာမကင်း ဖြစ်သလိုလို အရိပ်အယောင်နဲ့ မေးတာမျိုးတော့ မမေးမိပါစေနဲ့။ မကျေနပ်တာရှိရင် ဒဲ့မေးတာ အကောင်းဆုံးပါပဲ။ မိန်းကလေးတိုင်းတော့ မဟုတ်ပေမဲ့ အသက်ငယ်တဲ့ မိန်းကလေးအများစုက စကားနည်းလွန်းတဲ့ ယောက်ျားတွေကို လွယ်လွယ်နဲ့ ငြီးငွေ့တတ်ကြပါတယ်။

Credit: duwun



No comments:

Post a Comment