Tuesday, January 12, 2016

"သမီးလေးတိုက်တဲ့ ရေနွေးတစ်ခွက်"



Lutaw Lupyaw

"သမီးလေးတိုက်တဲ့ ရေနွေးတစ်ခွက်"

မိခင်ဖြစ်သူ အပြင်သွားတာမို့ သုံးနှစ်သမီးလေး ဆူဇီကို အဖေဖြစ်သူနဲ့ အိမ်မှာထားခဲ့ပါတယ်။

အဖေဖြစ်သူက ညနေခင်းသတင်းကို စိတ်ဝင်တစားနဲ့ ကြည့်နေချိန်မှာ ဆူဇီဟာ မကြာခင်ကမှ မွေးနေ့လက်ဆောင်ရထားတဲ့ ရေနွေးအိုး၊ ရေနွေးခွက်ကလေးတွေနဲ့ ကစားနေပါတယ်။

ခဏအကြာမှာတော့ သူ့ရဲ့ ရေနွေးခွက်ငယ်ကလေးထဲမှာ ရေထည့်လာပြီး အဖေဖြစ်သူကို တိုက်ပါတော့တယ်။

သမီးလေးရဲ့ အပြုအမူအတွက် ချီးကျူးစကားဆိုလိုက်ပြီး ဖခင်ဖြစ်သူဟာ ခွက်ထဲကရေတွေကို သောက်လိုက်ပါတယ်။

လက်ဖက်ရည်ခွက်ပေါင်းများစွာ သောက်လို့အပြီး ဖခင်ဖြစ်သူလည်း ကလေးကို အကြိမ်များစွာ
ချီးကျူးစကား ပြောရပြီးတဲ့နောက်မှာတော့ မိခင်ဖြစ်သူ အိမ်ပြန် ရောက်လာပါတယ်။

ဆူဇီလေး လက်ဖက်ရည်ခွက်ကိုင်ပြီး သူ့အဖေနားကို ထပ်လာချိန်မှာ "တို့ရဲ့ သမီးလေးကို ကြည့်ပါဦး.. မိန်းမရယ်" လို့ အမျိုးသားက ဇနီးသည်ကို အပြုံးနဲ့ ပြောလိုက်ပါတယ်။

"သူက ကိုယ့်ကို လက်ဖက်ရည် ဖျော်တိုက်တာတဲ့။ ချစ်ဖို့မကောင်းဘူးလားဟင်။"

ခင်ပွန်းသည်ဖြစ်သူ လက်ဖက်ရည်ခွက်ထဲက ရေတွေကို သောက်လို့အပြီးမှာ ဇနီးသည်ပြောလိုက်တာ 
"ယောက်ျားရယ်.. ရှင် မစဉ်းစားမိဘူးလားဟင်။ ဆူဇီရေခပ်ဖို့ မီတဲ့နေရာက အိမ်သာခွက်ပဲ ရှိတာလေ။"

မို့မို့သော်

Credit: mmtimes




Lutaw Lupyaw

No comments:

Post a Comment