Tuesday, January 19, 2016

"သူမပေါ့"

Lutaw Lupyaw

"သူမပေါ့"

သူမပေါ့ !!
ထစ်ခနဲရှိ ကျွန်တော့်ကို စိတ်ကောက်တတ်တဲ့ ကောင်မလေး။

သူမပေါ့ !!
ကျွန်တော့်ကို အနိုင်ရတဲ့အခါ ပျော်ရွှင်နေတတ်သူလေး။

သူမပေါ့ !!
ကျွန်တော့်ကို အချိန်ပြည့် သဝန်တိုတတ်တဲ့ ကောင်မလေး။

သူမပေါ့ !!
ကျွန်တော် စိတ်ဆိုးတဲ့အခါ ကျွန်တော့ကို မချော့တဲ့အပြင် သူကပြန်ပြီး စိတ်ဆိုးသွားတတ်တဲ့ ခပ်ဆိုးဆိုး ကောင်မလေး။

သူမပေါ့ !!
အဲဒီလို ကလေးဆိုးလေးက ကျွန်တော် ဝမ်းနည်းတဲ့အချိန်မှာတော့ လူကြီးတစ်ယောက်လို အားပေးတတ်သူလေး။

သူမပေါ့ !!
ကျွန်တော့ကို ချစ်တယ်လို့ ခဏခဏပြောတတ်တဲ့ ကောင်မလေးက အဲဒီ "သူမ" လေးပေါ့

Credit: လက်တွဲဖော်



No comments:

Post a Comment