Saturday, January 9, 2016

"ချစ်ခြင်းအဆုံးသတ်"



Lutaw Lupyaw

"ချစ်ခြင်းအဆုံးသတ်"

အချစ်က ချိုမြိန်မှုတွေကိုပေးတယ်။ နှစ်ယောက်သား ပျော်ရွှင်နေချိန်တွေမှာပေါ့။

အချစ်က သာယာမှုတွေကိုပေးတယ်။ နားလည်မှုတွေနဲ့ ကြည်နူးနေချိန်မှာပေါ့။

အချစ်က နွေးထွေးမှုတွေကိုပေးတယ် အေးမြတဲ့ ဆောင်းညတွေမှာပေါ့။

အချစ်က ယုံကြည်မှုတွေကိုပေးတယ်။ နှစ်ယောက်သား လက်တွေ ခိုင်မြဲနေချိန်မှာပေါ့။

အချစ်က နှစ်သိမ့်မှုတွေကိုပေးတယ်။ တစ်ယောက်ယောက် အားငယ်နေချိန်မျိုးမှာပေါ့။

အချစ်က ကြောက်ရွှံ့မှုတွေကိုပေးတယ်။ နှစ်ယောက်သား ဝေးကွာနေချိန်မျိုးတွေမှာပေါ့။

အချစ်က ငိုကြွေးမှုတွေကိုပေးတယ်။ နားလည်မှုတွေ လွဲနေချိန်မှာပေါ့။

အချစ်က လွမ်းဆွတ်မှုတွေကိုပေးတယ်။ မတွေ့ရတဲ့ အချိန်တွေမှာပေါ့။

ငါယုံကြည်တယ်။ ဘယ်လိုပဲ ငိုကြွေးရပါစေ ဘယ်လိုပဲ ၀မ်းနည်းရပါစေ ဘယ်လိုပဲ လွမ်းဆွတ်ရပါစေ ငါတို့ အချစ်တွေကတော့ နောက်ဆုံး တစ်နေ့နေ့မှာ ပြည့်စုံခြင်းနဲ့ အဆုံးသတ်မှာ အသေချာပဲဆိုတာ။

Credit: moekhar



Lutaw Lupyaw

No comments:

Post a Comment