Friday, January 8, 2016

"ဖြေကြည့်မိချိန်လေးမှာ"



Lutaw Lupyaw

"ဖြေကြည့်မိချိန်လေးမှာ"

ဘာကိုမှ မှန်းမရတဲ့ လောကထဲမှာ စမ်းတ၀ါးဝါးနဲ့
ကံကောင်းခြင်းတွေကို လိုက်ဖမ်းဖို့ကလည်း မလွယ်ပါဘူး။

အသံတွေ အက်လာတဲ့ ကမ္ဘာမှာ နာမ်မပျက်အောင် သတိနဲ့နေရင်း အသက်ရှူရတာတာကလည်း မလွယ်ပါဘူး။

အရာမှန်သမျှ မမြဲလှတဲ့ လောကကြီးမှာ ချစ်ရတဲ့ လူသားတစ်ဦးကို ထာဝရဆုံးရှုံးပြီးတဲ့နောက် ဘယ်သူ့ကိုမှ သံယောဇဉ် မထားတော့ဖို့ဆိုတာကလည်း မလွယ်ပါဘူး။

အမှတ်ကြီးသူတစ်ယောက် အနေနဲ့ နာကျင်စရာမှန်သမျှ အားလုံး ခပ်လွယ်လွယ် နိဂုံးချုပ်လိုက်ဖို့ကလည်း မလွယ်ပါဘူး။

ဒါပေမယ့်လည်း… ဒါပေမယ့်လည်းပေါ့။ ခံစားချက်လေးတွေကို ပြန်သုံးသပ်ရင်း ပေါ်လာတဲ့ အတွေးတွေက……

ကံကောင်းခြင်းတွေကို လိုက်ဖမ်းဖို့ထက် လူတိုင်း ပိုပြီးကြိုးစားသင့်တာက ရိုးသားခြင်းပါ။

အသံအက်လာတဲ့ ကမ္ဘာမှာ ဟန်ချက် မပျက်စေဖို့အတွက်တော့ လူတိုင်း အချိန်ရသလောက် စာတွေကို ပိုဖတ်သင့်ပါတယ်။

သံယောဇဉ် ဆိုတာကတော့ လူ့အသိုင်းအ၀ိုင်း ကြားမှာ အသက်ရှင်သန် နေရသ၍ တန်ဖိုးထားရမယ့် အရာပဲလေ။

အမှတ်ကြီးသူပေမယ့်လည်း တကယ်တော့ နာကျင်စရာဆိုတာ ကိုယ်ကသာ သတ်သတ်မှတ်မှတ် ခံယူနေခဲ့လို့သာ မဟုတ်လား။

ဒါကို ၀ဋ်ကြွေးတစ်ခုလို့ ဖြေဆည်ပြီး
လူ့လောကကြီးကို အကောင်းမြင်ကြည့်ကြပါစို့။

နာကျင်စရာဆိုတာ ကြာတော့လည်း နေလာနှင်းပျောက်သလို နှလုံးသားထဲကနေ တစ်ဖြေးဖြေးတော့ လွင့်စင်သွားမှာပါ။

Credit: ကြည်ဖြူခင်ခင်




Lutaw Lupyaw

No comments:

Post a Comment