Wednesday, January 27, 2016

"ဒီလူကို သင်တကယ်မချစ်သေးဘူးလို့ ပြောနေတဲ့ အချက် (၅) ချက်"

"ဒီလူကို သင်တကယ်မချစ်သေးဘူးလို့ ပြောနေတဲ့ အချက် (၅) ချက်"

၁- သင့်ကိုယ်သင်ပဲ ရှေ့တန်းတင်နေ

တွေ့ပြီဆိုတာနဲ့ သင့်အကြောင်းပဲ ပြောနေမိမယ်၊ သင့်ကိစ္စတွေကိုပဲ ရှေ့တန်းတင် ထားနေမိတယ် ဆိုတာမျိုးဟာ ဒီလူကို သင် တကယ်မချစ်သေးတဲ့ လက္ခဏာတွေပါ။ သင့်ကိုသင် ချစ်တဲ့အတွက် ဒီလူကို ချစ်နေတာ ဖြစ်တတ်ပါတယ်။

၂- တခြားလူတွေကိုမေ့

သူနဲ့တွေ့ရင် တခြားလူတွေကို မေ့သွားတယ်ဆိုတာ အပြောမဟုတ်ပါဘူး၊ သိပ္ပံနည်းကျပါ။ Dennis Prager တက္ကသိုလ်ရဲ့ သုတေသနတစ်ခုအရ အမျိုးသားတွေဟာ မျိုးဗီဇအရ ဆန့်ကျင်ဘက် အမျိုးသမီးတွေကို အလိုအလျောက် ကြည့်မိတတ်ကြပြီး စက္ကန့်ပိုင်းအတွင်းမှာ အဲ့အမျိုးသမီးဟာ မှတ်ဥာဏ်ထဲက ပျောက်သွားတတ်တယ်လို့ ဆိုပါတယ်။ ကိုယ့်စိတ်တွေဟာ ကိုယ့်ချစ်သူဆီမှာ မရှိဘဲ တခြားလူဆီပဲ ရောက်နေတယ်ဆိုရင်တော့ သင် တကယ်မချစ်သေးပါဘူး။

၃- ချစ်တာတစ်ခုတည်း

သင့်ချစ်တဲ့လူကြောင့် သင် ဘယ်တော့မှ မရှက်ပါဘူး။ ကိုယ်ချစ်တဲ့လူဟာ ဝတ်ပုံစားပုံတုံးမယ်၊ ရှက်စရာကောင်းတဲ့ အပြုအမူတွေရှိနေမယ်၊ ဒါပေမဲ့ ဒီအချက်တွေကြောင့် သင် ဘယ်တော့မှ ရှက်တယ်လို့ မခံစားရပါဘူး။ ရှက်တယ်လို့ ခံစားနေရတယ် ဆိုရင်တော့ သင် မချစ်သေးဘူးဆိုတဲ့ လက္ခဏာတွေပါပဲ။

၎- ကိုယ့်ကိုယ်ကိုယ် နားချနေရရင်

ငါ ဒီလူကို ချစ်ပါတယ်၊ ငါချစ်သူကမှ သူဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခဏခဏ နားချနေရရင် သင် တကယ်မချစ်သေးပါဘူး။

၅- ငြီးငွေ့နေပြီ

ချစ်တယ်ဆိုတာ ဒုက္ခရှာတာလို့ တချို့က ပြောကြပါတယ်။ အချစ်ဆိုတာကလည်း ဘဝထဲက ကိစ္စတစ်ခုပဲဖြစ်လို့ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းတာပါပဲ။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ ငြီးငွေ့လာပြီလို့ ခံစားရတယ်ဆိုရင် သင် သူ့ကို တကယ်မချစ်ပါဘူး။

Photos & Source: allwomentalk

Credit: duwun



No comments:

Post a Comment