Lutaw Lupyaw
“ဆုတောင်း မှားခဲ့ကြသူတွေ”
ဘ၀မှာ၊ တစ်သက်မှာ တစ်ခါတော့ လက်မလွှတ်ချင်တဲ့ သူတစ်ယောက် ပေါ်လာတတ်တယ်…
ကံကောင်းတဲ့သူတွေကတော့ အဲဒီလူကို တွေ့တဲ့အချိန်မှာ သူ့ရဲ့လက်ကို မလွှတ်တမ်း ဖမ်းဆုပ်ထားနိုင်ခဲ့ပြီး ပျော်ရွှင်တဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြပေမယ့် ကံမကောင်းနိုင်တဲ့ သူတွေကတော့ သူ့ဘက်က လက်လှမ်းတာတောင် ကိုယ့်ဘက်က ဖမ်းယူဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာပဲ ရပ်တန့် ကျန်ရစ်ခဲ့ရရင်း တဘ၀လုံးစာ နာကျင်မှုတွေကို နှလုံးသားထဲမှာပဲ ကြိတ်မှိတ်ပြီး ခံစားဖို့အတွက် ရွေးချယ်ခဲ့ကြရပါတယ်…
အဲဒီလို လောကကြီးထဲက သိန်းသန်းမက လူတွေအများကြီးထဲမှာမှ ကံကောင်းစွာ ပျော်ရွှင်နိုင်ခဲ့ကြသူတွေကိုတော့ လိုက်ဖက်တဲ့ဘ၀လို့ လူသားတွေက သတ်မှတ်ကြပြီး၊ တိတ်ဆိတ်စွာ ကံဆိုးခဲ့ကြရသူတွေအတွက်ကိုတော့ ဖူးစာရေး နတ်မင်းကပဲ အမည်တစ်ခု သတ်မှတ်ပေးထားခဲ့ပါတယ်တဲ့…
အဲဒီနာမည်ကတော့…
“ဆုတောင်း မှားခဲ့ကြသူတွေ” တဲ့လေ…
Credit: လက်တွဲဖော်
Lutaw Lupyaw
No comments:
Post a Comment