Lutaw Lupyaw
"ကိုးနှစ်အရွယ် မိန်းကလေးရဲ့ ခြေထောက်မှာ ဖုန်းအခွံကထွက်တဲ့ အဆိပ်ငွေ့ကြောင့် သေရာပါ အမာရွတ်ထင်ကျန်ခဲ့"
Oliver Retter ဆိုတဲ့ ကိုးနှစ်အရွယ် ကျောင်းသူလေးရဲ့ ခြေထောက်မှာ သူရဲ့ iPhone 5c ဖုန်းခွံ (case) ကြောင့် ဓာတုလောင်ကျွမ်းမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ သူက ဖုန်းကို အိပ်ယာထဲမှာထားပြီး အိပ်ပျော်သွားပြီးနောက် နိုးလာတဲ့ အခါမှာ ခြေထောက်မှာ iPhone 5c အရာအတိုင်း အမာရွတ်ကျန်ခဲ့တာပါ။
Oliver က ဖုန်းခွံကို Cambridge မြို့ New Look စတိုးကနေ $ 5.99 ပေးပြီး ၀ယ်ခဲ့ပါတယ်။ ဖုန်းခွံပေါ်မှာ unicorns ပုံတွေ၊ သက်တန့်ပုံတွေနဲ့ အလှဆင်ထားပါတယ်။ ဖုန်းခွံထဲမှာ အက်ဆစ်တွေနဲ့ ပြည့်နေပြီး ဖုန်းခွံသာ ကွဲသွားခဲ့ရင် ဒီ့ထက်ပိုဆိုးတဲ့ ဒုတိယ၊ တတိယအဆင့် လောင်ကျွမ်းမှုမျိုး ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
“Oliver က ဖုန်းကို အိပ်ယာထဲမှာ မသိအောင် ခိုးသုံးပြီး အိပ်ပျော်သွားခဲ့တာပါ။ ညသန်းခေါင်လောက်မှာ ကျွန်မ အခန်းထဲ ရောက်လာပြီး ခြေထောက်နာတယ်လို့ပြောပေမဲ့ ကျွန်မလည်း ဘာမှမဖြစ်ပါဘူး ပြောပြီး ပြန်အိပ်ခိုင်း လိုက်ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာ သူ့ရဲ့ ညာဘက်ပေါင်မှာ ကြောက်စရာကောင်းတဲ့ ဖုန်းပုံစံ အမာရွတ်ကြီးကို တွေ့ခဲ့လို့ အရမ်း အံ့သြခဲ့ရပါတယ်“ လို့ မိခင်ဖြစ်သူ Karly Retter က ပြောပြခဲ့ပါတယ်။
အကယ်၍များ ဖုန်းကို လက်ထဲမှာ ကိုင်ထားချိန်၊ ဖုန်း စကားပြောနေချိန်မှာများ ဒီလို ဓာတုယိုစိမ့်မှု ဖြစ်ခဲ့ရင် Oliver ရဲ့ မျက်နှာ၊ မျက်စိတွေကို ထိခိုက်သွားမှာပါ။ ဖုန်းခွံကထွက်တဲ့ အက်ဆစ်ကြောင့် ဒီလို ပြင်းထန်တဲ့ ဓာတုလောင်ကျွမ်းမှု ဖြစ်တယ်လို့ ဆရာဝန်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။ အခု ဒီလိုဖြစ်ရပ်မျိုးကို တခြားသူတွေသိရှိနိုင်စေဖို့ မိခင်ဖြစ်သူ Karly က Facebook ကတဆင့် သတိပေးနေတာ အခုဆိုရင် သတင်းပြန်လည်မျှဝေမှုပေါင်း 40,000 ကျော်သွားပြီ ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Lutaw Lpyaw
No comments:
Post a Comment