Lutaw Lupyaw
"သင် လူတစ်ယောက်ကို ချစ်သူရည်းစားအနေနဲ့ တွဲဖို့ မဆုံးဖြတ်ခင် သူ့ဖေ့စ်ဘွတ်ခ်ကို ဘာ့ကြောင့် မျက်ခြေမပြတ် ကြည့်သင့်တယ်ဆိုတာ"
လူတစ်ယောက်ကို ကိုယ့်ချစ်သူရည်းစားအနေနဲ့ စတင်တွဲတော့မယ်ဆို သူ့အကြောင်း သိနိုင်သလောက် သိအောင် ကိုယ့်ဘက်က ကြိုးစားဖို့ လိုပါတယ်။ ဒီ့အတွက် လူမှုကွန်ယက်ကို သင် သေချာအသုံးချနိုင်တဲ့ အချက်တစ်ချက်က သင့်ကို ချစ်ခွင့်ပန်ထားတဲ့သူရဲ့ အကောင့် (account) ကို သင့်ဘက်က မျက်ခြေမပြတ် သေချာ ၀င်ကြည့်ရှုနိုင်တာပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အရေးပါသလို သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သေချာ သိသွားနိုင်မှာ ဖြစ်ပါတယ်။
၁။ သူဟာ ကိုယ့်ကိုပြောထားသလို တကယ်ရော ဟုတ်ရဲ့လား။
သင့်ကို သူက သူ့ရာထူး၊ အလုပ်အကိုင်၊ နောက်ခံဘက်ဂရောင်းက ဘယ်လို စသဖြင့် ပြောပြထားဖူးတာတွေ ရှိပါလိမ့်မယ်။ ဒီတော့ သူ့ဖေ့စ်ဘွတ်ခ်ကို ၀င်ကြည့်လိုက်တာနဲ့ အလုပ်အကိုင်မှာ သူဟာတကယ်ပဲ အဲ့ဒီအလုပ်အကိုင် ဟုတ်ရဲ့လား။ အဲ့ဒီကုမ္ပဏီက ဟုတ်ရဲ့လား။ သူပြောထားသလို ဟုတ်နေတယ်ဆိုရင် ကိစ္စမရှိပေမယ့် မဟုတ်ဘူးဆိုရင်တော့ သင့်ဘက်က သူ့ကို အစ်အောက်ကြည့်နိုင်ပြီပေါ့။ အနည်းဆုံး သူနဲ့တွေ့တဲ့အခါ သူ့ပေ့ခ်ျကို ၀င်ကြည့်ဖြစ်တဲ့အကြောင်းလေး ပြောပြီး သူ ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်လိုက်ပါ။
၂။ သူနဲ့ သင့်ကြားက သူငယ်ချင်းတွေ ဘယ်လောက်များများ ရှိသလဲ။
သင် ချစ်သူတော်ရမယ့်သူနဲ့ သင့်ကြားမှာ သူငယ်ချင်းတွေ ဘယ်လောက်များများ ရှိနေပါသလဲ။ တကယ်တော့ နှစ်ဦးကြား တကယ်ခင်မင်ရတဲ့သူတွေ ရှိနေတယ်ဆိုတာ သင့်ကို ပိုသက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ သိပ်စိတ်ပူစရာလည်း မလိုတော့ပါဘူး။ ဒါပေမယ့် သူနဲ့ သင့်ကြားက သူငယ်ချင်းတွေဟာ သင်နဲ့ လုံးဝမသိကြဘူး၊ သူတို့အခြေအနေတွေကလည်း မဟန်ဘူး ဆိုရင်တော့ တစ်မျိုး စဉ်းစားကြည့်ပေါ။
၃။သူတို့ဟာ အူကြောင်ကြောင်နိုင်တဲ့သူလား၊ စိတ်မူမမှန်တဲ့သူတွေလား ဆိုတာကိုလည်း သိအောင်လုပ်ပါ။
သူ့ကို ကြည့်ရတာကတော့ ယဉ်ကျေးတယ်။ လက်တွေ့ကျကျ နေတတ်တဲ့သူတစ်ယောက်လို့ ထင်မြင်ရပေမယ့် သူ တကယ့် အမူအကျင့်က ဘယ်လိုရှိသလဲ ဆိုတာကို ပုံတစ်ချို့အောက်မှာ ပေးထားတဲ့ သူ့ကွန်မန့်တွေ၊ သူရှဲလ်တဲ့ ပို့စ်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါ့အပြင် သူ့အခြားသော instagram အကောင့်လိုမျိုး နေရာတွေမှာလည်း သူတင်တဲ့ပုံတွေကြည့်ပြီး သိနိုင်ပါသေးတယ်။ တကယ်လို့ သူက သူ့အလုပ်ကို မမှန်မကန် ရေးသားထားတယ်၊ ပရိုဖိုင်းကိုလည်း အမှန်မရေးထားတဲ့အပြင် သူ့ပုံတွေကိုလည်း အရမ်းချော၊ အရမ်းကြည့်ကောင်းအောင် ပြင်ထားတယ် ဆိုရင်တော့ သတိထားဖို့ လိုပြီပေါ့။
၎။ အပြောနဲ့ သူ့ပို့စ်တွေ ညီရဲ့လား။
သူ သင်နဲ့ chat တဲ့အခါ၊ ဒါမှမဟုတ် အပြင်မှာ စကားတွေ ပြောတဲ့အခါ သူဟာ ဘယ်လိုအရာမျိုးတွေ နှစ်ခြိုက်တယ် ဆိုတာမျိုးတွေ ရှိပေမယ့် သူ့ကိုယ်ပိုင် အကောင့်မှာတော့ ဒီလိုမျိုးပြောတာ၊ ရေးသားတာမျိုးလည်း မရှိဘူးဆိုရင် ဒါစဉ်းစားစရာပေါ့။ ဥပမာ သူက ခရီးသွားရတာကို အရမ်းနှစ်ခြိုက်တယ်၊ စာအုပ်တွေ တစ်ပတ်ကို ဘယ်နှစ်အုပ်ဖတ်ဖြစ်တယ် ဆိုတာမျိုး ပြောပေမယ့် သူ့အကောင့်မှာတော့ ညဘက်တွေ သူငယ်ချင်းတွေနဲ့ လျှောက်သွားရတာ၊ ဘားတွေ၊ ကလပ်တွေ သွားရတာ ပျော်စရာကြီး၊ တစ်နေ့ခင်းလုံး အိပ်နေတာ ခုမှနိုးတယ် စတဲ့ ပို့စ်တွေ မြင်နေရရင်တော့ သင်ဟာ သူ့ကို သေချာလေ့လာဖို့ လိုပါပြီ။
၅။ သူ့ရည်းစားဟောင်းနဲ့ မပြတ်သေးပဲ အီစီကလီ လုပ်နေတုန်းလား။
တစ်ခါတစ်လေ လူတွေရဲ့ အကျင့်က ဘယ်အရာကိုမဆို အရံအနေနဲ့ ထားချင်တတ်ကြပါတယ်။ ရည်းစားဟောင်းနဲ့ ပြန်အီနေရင်း သင့်ကိုလည်း သူ စိတ်ဝင်စားနေတာမို့ အီစီကလီ လုပ်ထားတာမျိုးပေါ့။ နှစ်ယောက်ထဲက တစ်ယောက်ကို ရရင်တော့ ယူလိုက်မယ်။ နှစ်ယောက်စလုံးကို အီထားလိုက်တာ မမှားပါဘူး ဆိုတာမျိုး လုပ်ထားတတ်ကြပါတယ်။ သူ့ပို့စ်တွေအောက်မှာ သူ့ရည်းစားဟောင်း ဒါမှမဟုတ် အခြား အီထားတဲ့ ကောင်မလေးတွေနဲ့ ညုထားတာမျိုးတွေ တွေ့မယ်။ သူ့ပို့စ်တွေမှာလည်း ကိုယ့်ကို မဟုတ်ပဲ အခြားသူကို ရည်ရွယ်ရေးထားတာတွေ တွေ့မယ်။ သူ့ wall မှာ အခြားသော အမျိုးသမီးက လာပို့စ်လုပ်ထားတာတွေ မြင်ရမယ်ဆိုရင်တော့ သင်ဟာ သူ့ရဲ့ အရံထားထားတဲ့ စာရင်းထဲ ပါဝင်နေပြီဆိုတာ သိလိုက်ပါ။
မေသော်
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment