Wednesday, January 27, 2016

"သက်တမ်း အရှည်ကြာဆုံး အိမ်ထောင်ရှင် အမျိုးသား၏ အကောင်းဆုံး အကြံဥာဏ်"



Lutaw Lupyaw

"သက်တမ်း အရှည်ကြာဆုံး အိမ်ထောင်ရှင် အမျိုးသား၏ အကောင်းဆုံး အကြံဥာဏ်"

Nicholas နဲ့ Rafaela တို့က ပြီးခဲ့တဲ့အပတ်က သူတို့ရဲ့ ၈၂ နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြပါတယ်။ Nicholas က ၁၀၂ နှစ် ရှိပြီး Rafaela က အောက်တိုဘာလမှာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ သူတို့ရဲ့ သားသမီး ၁၄ ယောက်၊ မြေး ၄၄ ယောက်၊ မြစ် ၈၃ ယောက်နဲ့ တီ ၁၂ ယောက်တို့က နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်က အရင်က မက္ကဆီကိုနိုင်ငံမှာ နေခဲ့ကြတာပါ။ မြေးဖြစ်သူ Isela Garcia က သူ့အဘိုးနဲ့အဘွားက သူတို့အတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်တဲ့။ အဘိုးနဲ့ အဘွားက အခုချိန်ထိ အချစ်မပြယ်ကြသေးဘဲ တစ်ဦးအပေါ်တစ်ဦး ကြင်နာယုယကြတယ်။ သူတို့နှစ်ယောက် ရန်ဖြစ်တာ စိတ်ဆိုးတာကို တစ်ခါမှ အတွေ့ဖူးဘူးလို့ ဆိုပါတယ်။ Nicholas က နှစ်ပတ်လည် အခမ်းအနားမှာ အိမ်ထောင်တစ်ခု သက်တမ်းရှည်ကြာ ခိုင်မြဲစေဖို့ အကြံကောင်းတစ်ခု ပေးခဲ့ပါတယ်။ အိမ်ထောင်တစ်ခုမှာ အဓိကက အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှုနဲ့ အသေးအဖွဲလေးတွေ အတွက်နဲ့ ပြဿနာ အဖြစ်မခံဖို့ပါပဲတဲ့။

“ကျုပ်က ချစ်တတ်ဖို့၊ ဂရုစိုက်တတ်ဖို့ကို သင်ယူခဲ့တယ်။ ပြီးတော့ ဘယ်အရာနဲ့ ယှဉ်ယှဉ် မိသားစုကို ဦးစားပေးခဲ့တယ်။ ဒါက ခိုင်မာတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပဲ" လို့ Nicholas က ပြောခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာ ကိုယ်နဲ့ ကိုယ့်ခင်ပွန်း/ဇနီး က ဒီလို အကြံဥာဏ်တောင်းခံရမယ့် ဘ၀လေးကို တွေးကြည့်ပြီး ပြင်ဆင်နိုင်ပါစေ။

ခင်သူဇာ

Credit: Trend Myanmar



No comments:

Post a Comment