Friday, January 8, 2016

"မိမိကိုယ်ကိုယ် စိတ်ချမ်းချမ်းသာသာ ရှိစေမယ့် နည်းလမ်းများ"



Lutaw Lupyaw

"မိမိကိုယ်ကိုယ် စိတ်ချမ်းချမ်းသာသာ ရှိစေမယ့် နည်းလမ်းများ"

မိမိကိုယ်ကို စိတ်ချမ်းသာအောင် ပထမဆုံး လုပ်ဆောင်ရမှာက မိမိရဲ့ အကောင်းဆုံး၊ အပြောင်မြောက်ဆုံး လက္ခဏာရပ်တွေ စာရင်းပြုစုရပါမယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အချက်မှန်သမျှ ချရေးပါ။ နောက် မိမိကိုယ်မိမိ သိမ်ငယ်စိတ် ဖြစ်တဲ့အခါ အဲဒါကို ပြန်ပြန်ဖတ်ပေးရပါမယ်။

မိမိကိုယ်ကိုယ် ချစ်ခင်ပါ

မိမိကိုယ်မိမိ မချစ်ဘူးဆိုရင် ဘယ်သူမှ ချစ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်နိုင်မှသာလျှင် သူတပါးက သင့်ကို ပြန်ချစ်ပါလိမ့်မယ်။ မိမိကိုယ်ကိုယ် အရင်ချစ်ပြီး မိမိဟာ ချောမောလှပနေသူလို့ မိမိကိုယ်ကိုယ် သတိပေးပါ။

ကိုယ့်ကိုယ်ကို မျက်နှာချင်းဆိုင်ရဲပါစေ

ဒီအချက်က အလွန့်အလွန် အရေးကြီးပါတယ်။ မှန်ထဲ ကိုယ့်ကိုယ်တောင် မကြည့်ရဲရင် ဘယ်သူမှ သင့်ကို ကြည့်ချင်မှာ မဟုတ်ပါဘူး။ ဝတာ၊ ပိန်တာက အရေးမကြီးပါ။ ဝတ်လစ်စားလစ်နဲ့ မိမိကိုယ်လုံး ယုံကြည်မှုထားပါ။ ဝတ်စားဆင်ယင်ပြီး သက်သောင့်သက်သာ နေရပါမယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လမ်းလျှောက်ပါ

သင် XS သို့မဟုတ် XL ဆိုဒ်ပဲ ဝတ်ဝတ် ဘယ်သူမှ အရေးမစိုက်ပါဘူး။ တစ်ကမ္ဘာလုံးကို မိမိ စိုးပိုင်ထားသကဲ့သို့ ရဲရဲတင်းတင်း လျှောက်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပြီး အရောင်ရင့်ရင့်တွေ အဝတ်အစားတွေ ဝတ်ဆင်ပါ။ အရာရာ ဆန်းသစ်ပြီး စွဲဆောင်မှုရှိအောင် ဖန်တီးပါ။

မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းတဲ့အရာတွေ လုပ်ဆောင်ပါ

ကိုယ်ကိုယ်ကို ချစ်တာအပြင် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းတဲ့အချက်တွေကို သုန်မှုန်စိတ်ကောက်နေမယ့်အစား ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သိရပါမယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီး အစားအစာ စနစ်တကျစားသုံးပါ။

Ref: Indiatimes

Credit: Trend Myanmar




Lutaw Lupyaw

No comments:

Post a Comment