Saturday, January 23, 2016

"နွေးထွေးစွာ နှစ်သိမ့်ပေးနိုင်တဲ့လူ"



Lutaw Lupyaw

"နွေးထွေးစွာ နှစ်သိမ့်ပေးနိုင်တဲ့လူ"

စိတ်ညစ်တဲ့အခါ နားလည်မှုရှိတဲ့ လူတွေအနားနေပါ။ သူတို့က သင် စိတ်ညစ်တာကို မဖြေရှင်းပေးနိုင်ရင်တောင် စကားလုံးတွေနဲ့ နွေးထွေးစေပါလိမ့်မယ်။

နားလည်မှုမရှိတဲ့ လူတွေကိုတော့ လုံးဝ ရှောင်ပါ။ သူတို့တွေက သင် စိတ်ညစ်တာကို နားလည်မပေးတဲ့အပြင် "ဒီလောက်လေးနဲ့ သင် စိတ်ညစ်ရလားဆိုပြီး" သင့်ကို အပြစ်တင်ပါလိမ့်မယ်။

တချို့လူတွေက သင့်စိတ်ညစ်စရာကို မဖြေရှင်းပေးနိုင်ဘူး။ ဒါပေမဲ့ နွေးထွေးစွာ နှစ်သိမ့်ပေးတတ်တယ်။

တချို့လူတွေကကျတော့ ဖြေလည်း မဖြေရှင်းပေးနိုင်ဘူး။ နွေးထွေးစွာ မနှစ်သိမ့်ပေးတဲ့အပြင် သင့်ကို အပြစ်တင် ကဲ့ရဲ့တတ်ပါတယ်။

သင့်အနားမှာရှိတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ ပျော်ရွှင်စရာရှိတဲ့အချိန် သိပ်မသိသာဘူး။ စိတ်ညစ်စရာ ရှိတဲ့အချိန်ကျမှ သိသာလာပါလိမ့်မယ်။ သူတို့ဟာ သင့်ကို နွေးထွေးစွာ နှစ်သိမ့်ပေးနိုင်တဲ့ လူတယောက်လား၊ အပြစ်တင် ကဲ့ရဲ့ချင်နေတဲ့ လူတယောက်လား ဆိုတာကိုပေါ့။

Credit: လက်တွဲဖော်



No comments:

Post a Comment