Lutaw Lupyaw
"သင့်ထက်ငယ်သူကို ရွေးသင့်တဲ့ အကြောင်းပြချက် (၅) ခု"
ကိုယ့်ထက် ငယ်ရွယ်သူချစ်သူကို ချစ်သူတော်ထားသူတွေမှာလည်း အားသာချက်တွေ ရှိပါတယ်။
တည်ဆောက်တဲ့နေရာမှာ အသက်အရွယ်ကလည်း တစ်စိတ်တစ်ပိုင်း အရေးပါလှပါတယ်။ အသက်အရွယ်အလိုက် ဆက်ဆံရေးဟာ အပြောင်းအလဲ ဖြစ်စေတက်တယ်ဆိုတာ အသေအချာပါ။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက နှစ်ဦးလုံးရဲ့ စိတ်သဘောထား ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဘာကြောင့် ကိုယ့်ထက်ငယ်သူကို ချစ်သူအဖြစ် ရွေးသင့်သလဲ၊ ဒါမှမဟုတ် ကိုယ့်ထက် ငယ်သူကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းပြချက် (၅) ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သင်က သြဇာရှိမယ်။ သူ့အပေါ် သြဇာလွှမ်းတာမျိုး မဟုတ်ရင်တောင် ဖြန်သန်းထားတဲ့ အတွေ့အကြုံတွေအရ သင့်ရဲ့သြဇာ သူ့အပေါ် အထိုက်အလျှောက် ရှိနေမှာပါ။
၂။ သင့်ကို လွတ်လပ်ခွင့် အထိုက်အလျောက် ပေးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတာ သူလည်း လူငယ်ဖြစ်လို့ လွတ်လပ်မှုကို ကြိုက်လို့ပါ။
၃။ လူငယ်တွေနဲ့ သင်ပေါင်းခွင့်ရမယ်။ သူ့သူငယ်ချင်းတွေကလည်း လူငယ်တွေဖြစ်လို့ ငယ်ငယ်ကလို သင့်ရဲ့စိတ်တွေ ပြန်ပြီး နုပျိုလာမယ်။
၎။ ထူးခြားတဲ့ အမြင်တွေရှိမယ်။ သင်နဲ့ မတူညီတဲ့ ခေတ်မှာ ကြီးပျင်းလာသူဖြစ်လို့ သူ့ရဲ့အမြင်တွေက သင့်အတွက် ထူးခြားနေမယ်။
၅။ ဖိအားတွေ ကင်းနေမယ်။ ငယ်သေးတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ပူစရာတွေ သူ သိပ်မတွေးဘူး။ စိတ်ညစ်စရာတွေကို သူက ရယ်စရာတောင် လုပ်ပစ်နိုင်တယ်။
Source : Huffington
Credit: duwun
Thursday, January 28, 2016
"သင့်ထက်ငယ်သူကို ရွေးသင့်တဲ့ အကြောင်းပြချက် (၅) ခု"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment