Sunday, January 17, 2016

"မိမိလက်တွဲဖော် ရိုးသားလား၊ မရိုးသားလား ဒီအချက်တွေနဲ့ ဖော်ထုတ်နိုင်"



Lutaw Lupyaw

"မိမိလက်တွဲဖော် ရိုးသားလား၊ မရိုးသားလား ဒီအချက်တွေနဲ့ ဖော်ထုတ်နိုင်"

တချို့ မုသားစကားတွေဟာ အန္တရာယ်မဖြစ်ပေမယ့် တချို့ကျတော့ ချစ်သူစုံတွဲ ဆက်ဆံရေး သို့မဟုတ် မိသားစုတစ်ခုလုံး ပျက်စီးသွားစေနိုင်ပါတယ်။ မိမိလက်တွဲဖော် ဖောက်ပြားနေပြီလား ဒါမှမဟုတ် မုန့်ဗူးထဲက ဘီစကစ်မုန့်တွေ ဘယ်သူခိုးစားသွားလဲ စသဖြင့် ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

FBI ထောက်လှမ်းရေးဟောင်း Mark Bouton ရဲ့ အဆိုအရ လူတစ်ဦးတစ်ယောက် အမှန်တရား ပြော၊ မပြော ထုတ်ဖော်ပေးတဲ့ မျက်နှာရိပ်နိမိတ်တွေ အမှန်တကယ် ရှိနေတယ်လို့ ဆိုပါတယ်။ Mark Bouton က ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဒီလိုရေးခဲ့ပါတယ်။ "ကျုပ် FBI သူလျို နှစ် ၃၀ လုပ်ခဲ့ပြီး ရာဇဝတ်သားများ လိမ်လည်ပြောဆိုတဲ့အခါ သူတို့ အပြုအမူ အကဲခတ်လေ့လာခဲ့ပါတယ်။ Body language၊ မျက်နှာအမူအရာနဲ့ နှုတ်ဖြင့် လိမ်လည်တုံ့ပြန် ပြောဆိုမှုကိုလည်း ကျယ်ပြန့်စွာ သုတေသနပြု လေ့လာခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။

တချို့ တုံ့ပြန်ချက်တွေဟာ ကြောက်လန့်မှုကြောင့်ဖြစ်ပြီး တချို့က ခန္ဓာကိုယ်အတွင်း ဇီဝ ဓာတ်ပြုမှုတွေကြောင့်လို့ သူက ဆက်လက် ရှင်းပြခဲ့ပါတယ်။ လူတစ်ယောက်မှာ အောက်ပါ အပြုအမူ တစ်ခုထက်ပိုပြီး တွေ့မြင်ရပါက သင့်ကို လိမ်ညာဖို့ သေချာသလောက်ရှိကြောင်း Bouton အဆိုအရ သိရပါတယ်။ ဇီဝဓာတ်ပြုမှု လိမ်ပြောတဲ့အချိန်မှာ လူ့မျက်နှာကို ယားယံစေပါတယ်။ နှာခေါင်း သို့မဟုတ် ပါးကို ထိကိုင်တယ် သို့မဟုတ် နှာခေါင်းအောက်မှာ လက်ချောင်း ပွတ်သပ်နေရင် အဲဒါတွေက အချက်ပြတဲ့ အရာတွေ ဖြစ်ပါတယ်။

အာတွေ ခြောက်လာပြီး အဲဒီမှာ သူတို့ တုံ့ပြန်ချက်တွေကို တွေ့မြင်နိုင်ပါတယ်။ ချွဲသလိပ်တွေ ထွက်မယ်။ ဒီတော့ ချောင်းတွေ ခဏခဏဆိုးပြ ဒါမှမဟုတ် လည်ချောင်း မကြာခဏ ရှင်းတာတွေ လုပ်ပါလိမ့်မယ်။ နှုတ်ခမ်း ကိုက်တတ်ကြတယ်။ မျက်လုံးတွေ ဘယ်ညာ၊ အပေါ်အောက် ပေကလတ်ပေကလတ် ရွေ့လျားတတ်တယ်။ မျက်တောင် မှိတ်တုတ်မှိတ် ခတ်နေတယ်၊ ၁၀ စက္ကန့်/ စက္ကန့် ၂၀ တစ်ခါမက ပုံမှန်ထက် မြန်နေရင် မရိုးသားဖို့ အလားအလာ ပိုများပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar



No comments:

Post a Comment