Wednesday, January 20, 2016

"ဘဏ်ဝန်ထမ်းတစ်ယောက်အား အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သူများ၏ အားသာချက်များ"



Lutaw Lupyaw

"ဘဏ်ဝန်ထမ်းတစ်ယောက်အား အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သူများ၏ အားသာချက်များ"

အမြဲတမ်း အလုပ်မှ ပြုံးရွှင်သွက်လက်စွာ ဝန်ဆောင်မှုအပြည့်ပေးရင်း လုပ်ငန်းခွင်ဝင်နေရတဲ့ ဘဏ်ဝန်ထမ်းတွေမှာ စိတ်ညစ်နေတဲ့ မျက်နှာထက် ပြုံးရွှင်တဲ့ မျက်နှာတစ်ခုကို မြင်တွေ့ရတာ များတဲ့အတွက် ကိုယ့်ကိုပါ ပျော်ရွှင်စေရခြင်း။

အခြားသူတွေ အလုပ်များလို့ အလှမပြင်နိုင်ကြတဲ့ အချိန်မှာ လှလှပပ ပြင်ဆင်ပီးမှ လုပ်ငန်းခွင်ဝင်ရတဲ့ ဘဏ်ဝန်ထမ်း မမတို့အတွက် အမြဲတမ်း အလှပြင်ရလို့ လှလှပပ ကြော့ကြော့မော့မော့ မျက်နှာလှလှလေးကို နေ့စဉ်တွေ့မြင်ရပြီး အမောပြေစေခြင်း။

နံနက်ခင်းမှာ အလုပ်သွားဖို့ အချိန်မီအောင် ပြင်ဆင်ရတဲ့အတွက် စောစောထတတ်တဲ့ သူမတို့ကို နေမြင့်မှထတတ်သူတစ်ယောက် ဟုတ်မဟုတ် ကြိုတင်သိစေခြင်း။

သည်းခံနိုင်ခြင်းကို အလိုလို သင်ယူစေပြီးတဲ့ သူမတို့အတွက် ကိုယ်နဲ့ ပြဿနာ တစ်ခုတက်ရင်တောင် သူတို့ဖက်မှ သည်းခံ နားလည်ပေးတတ်ဖို့ သင်ယူပြီးသား ဖြစ်နေတတ်တဲ့အတွက် ရှင်းပြရ လွယ်ကူစေခြင်း။

လူမှုဆက်ဆံရေးမှာ ပြောဦးမလား လူတန်းစားမရွေး ဖော်ရွေစွာ ဆက်ဆံရင်း လုပ်ကိုင်နေရတဲ့ သူမတို့အတွက် သင့်ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ အဆင်မပြေမှာ မတည့်မှာကို မပူပန်ရခြင်း။

ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းမှာလဲ လူတွေရဲ့ ငွေကြေးတွေကို ယုံကြည်မှုတစ်ခုနဲ့ အလုပ်လုပ်နေကြတဲ့အတွက် သူမတို့ရဲ့ ကိုယ်ကျင့်တရားကို လိုက်မေးစရာမလိုအောင် စိတ်ချရခြင်း။

ပေါင်းသင်းဆက်ဆံရေးမှာ ထူးချွန်နေပြီးသား သူမအတွက် အပေါင်းအသင်းများကြားမှာ မဝင်ဆံ့နိုင်မှာကို မစိုးရိမ်ရသလို အပေါင်းသင်းများကြား ကိုယ့်အတွက်ပါ မျက်နှာပွင့်စေခြင်း။

အချိန်နဲ့အမျှ လက်နဲ့မပြတ် အလုပ်လုပ်နေတဲ့ သူမတို့အတွက် အခြားအရာတွေကို စိတ်ဝင်စားဖို့ အချိန်မရှိတဲ့အတွက် နောက်တစ်ယောက်ကို မျက်စိကစားမှာလဲ စိတ်မပူရတော့ဘူးပေါ့ရှင့်။

ကဲ ဘယ်လောက်များတဲ့ အားသာချက်တွေလဲရှင်။ ခုချိန်မှာ သင်သာ ဘဏ်ဝန်ထမ်းတစ်ဦးရဲ့ လက်တွဲဖော် ဖြစ်နေပြီဆိုရင် ဒီအချက်တွေနဲ့တင် သင် ဂုဏ်ယူလို့ရနေပါပြီ . . . . . ။

‪#‎ဘဏ်ဝန်ထမ်းမမများကိုယ်စား‬ grin emoticon

Credit: စိမ်းလဲ့လဲ့ထွေး (လယ်ဝေး)


No comments:

Post a Comment