Lutaw Lupyaw
"ပြည့်စုံနေရင်"
ဘယ်လို ယောက်ျားလေးမျိုးက ချစ်သူကောင်း၊ ချစ်သူစစ် ဖြစ်နိုင်မလဲ…
(၁) သင့်မွေးနေ့လိုရက်မျိုးမှာ အနည်းဆုံး နံနက်စောစောထ ဘုရားခန်းဝင်ပြီး သင့်အတွက် ဆုတောင်း ၀တ်ပြုပေးတာမျိုးပေါ့။ ပိုသာတဲ့  အဆင်ပြေမှုနဲ့ဆို သင့်မွေးနေ့အတွက် အလှူအတန်း တစ်ခုခုမျိုး လုပ်ပေးတာမျိုးပေါ့။ ဘယ်ယောက်ျားလေးမှတော့  ကိုယ့်အချိန်ထဲကပါတဲ့ အလုပ်တွေကို မချစ်ပဲနဲ့ လုပ်ပေးမှာ မဟုတ်ဘူးလေ။
(၂) ယောင်လို့ဖြစ်ဖြစ်၊ ပျော်လို့ဖြစ်ဖြစ်၊ ချစ်လို့ဖြစ်ဖြစ် မိန်းမရေလို့ အပြောခံရဘူးလား။ သူတို့စိတ်ထဲမှာ မရည်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သူထက်ပိုတဲ့ အသုံးအနှုန်းသုံးဖို့ဆိုတာ တကယ်မချစ်တဲ့သူအတွက် မဖြစ်နိုင်ဘူးလေ။
(၃) အ၀တ်အစားနဲ့ ပတ်သတ်လို့ဖြစ်ဖြစ်၊ နေပုံထိုင်ပုံနဲ့ဖြစ်ဖြစ် သူတို့လိုသလို ပုံသွင်းခံရဖူးလား။ အနည်းဆုံး ယောက်ျားတိုင်းမှာ သူတို့ဖြစ်ချင်တဲ့ အတ္တကလေးတွေကို သူတို့ချစ်တဲ့သူတွေကို ပြုမှုစေချင်ကြတယ်။ တကယ်မချစ်တဲ့ အပျော်တွဲတဲ့ ယောက်ျားလေးအတွက်တော့  သင် ဆံပင်ကောက်ကောက်၊ ဆံပင်ဆေး ဆိုးဆိုးမဆိုးဆိုး သူ လိုက်ဝေဖန်နေမှာ မဟုတ်ဘူးလေ။
(၄) ဘာဟင်းစားလဲ၊ ရေချိုးတာဂရုစိုက်၊ နွေးနွေးထွေးထွေးနေ၊ အစားမှန်အောင်စား၊ အိပ်ချိန်မှန်မှန်အိပ်၊ ဘုရားရှိခိုးပြီးပြီးလားလို့ အစရှိသဖြင့် ညွှန်ကြားချက်တွေများ ပေးဖူးသလား။ သူတို့ကိုယ်တိုင်တောင် ဂရုစိုက်ဖို့ မေ့နေတဲ့ အရာတွေကို သတိတရ မှာနေရင် သင့်ကို အလေးထားတာ ပေါ်လွင်နေပါပြီ။
(၅) တချို့သော သင့်ရဲ့ အသုံးအနှုန်းတွေ၊ တချို့သော သင့်ရဲ့ အနေအထိုင်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွတ်လိမ့်မယ်။ အနည်းဆုံး သင့်ကို သူ အပေါင်းအသင်းတွေကြားမှာ အပြစ်အနာဆာလေးကို အပြောမခံစေချင်ဘူးလေ။ ပတ်ဝန်းကျင်ကြားထဲမှာ ကိုယ်ထည်ပြဖို့ထိ မရည်ရွယ်ခဲ့ဖူးဆိုရင် သူ ဘာလို့ အမုန်းခံပြီး ပြောနေတော့မလဲ။
(၆) သင့်ရဲ့မေတ္တာကို ယူရင်း သင့်အိမ်ပတ်ဝန်းကျင်နဲ့လည်း နီးစပ်အောင် တဖြည်းဖြည်း လုပ်ယူလာလိမ့်မယ်။ အနည်းဆုံး အိမ်ကို ဖုန်းမှန်မှန်ဆက်ရဲ့လား ဆိုတာမျိုးပေါ့။ သူတို့ကိုယ်တိုင်လည်း သူတို့အကြောင်းကို သင့်အိမ်မှာ အကောင်းဆုံး ဖြစ်ချင်ကြတယ်လေ။ တဘ၀လုံးအတွက် မရည်ရွယ်ရင် အိမ်ခေါ်မယ်လို့ ပြောတာနဲ့ တပ်ခေါက်သွားတဲ့ ယောက်ျားလေးတွေ အများကြီး မဟုတ်လား။
အများကြီးမဟုတ်တောင် ဒီအချက်တွေ ပြည့်စုံနေရင် သင့်မှာ ချစ်သူကောင်းတစ်ယောက် ရနေပါပြီ။ ပိုနွေးနွေးထွေးထွေး ဆက်ဆံပေးပေါ့။
ယောက်ျားလေးတွေဆိုတာ မိန်းမတွေထက် ပိုထိခိုက်ရှလွယ်တယ် မဟုတ်လား။ စကားများလို့ အဆင်မပြေရင်တောင် နံရံကို လက်သီးနဲ့ ပြေးထိုးချင်နေတဲ့ အမျိုးတွေဆိုတော့။ wink emoticon
(ပုံရိပ်စစ်)
Credit: လက်တွဲဖော်
Monday, January 25, 2016
"ပြည့်စုံနေရင်"
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment