Sunday, January 31, 2016

"သင် ဆံပင်တွေကျွတ်နေရတဲ့ အကြောင်းအရင်း (၁၁) ခု"



Lutaw Lupyaw

"သင် ဆံပင်တွေကျွတ်နေရတဲ့ အကြောင်းအရင်း (၁၁) ခု"

၁- ပလတ်စတစ်ဘီးများသုံးခြင်း
ပလတ်စတစ်ဘီးတွေက သင့်ဦးရေပြားနဲ့ သင့်ဆံပင်ကို ထိခိုက်စေပါတယ်။

၂- Conditioner မသုံးခြင်း
ခေါင်းလျှော်လိုက်တာကြောင့် ဆံပင်နဲ့ ဦးရေပြားအတွင်းက ပျောက်ကွယ်သွားတဲ့ သဘာဝအဆီတွေကို Conditioner က ပြန်လည် အားဖြည့်တာဖြစ်ပါတယ်။

၃- အလွန်ပြင်ဆင်ခြင်း
ကျစ်ဆံမြီး အမြဲကျစ်တာတွေ၊ ဆံပင်ကို အမျိုးမျိုး ပြင်ဆင်တာတွေက ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက်မဖြစ်ပေမဲ့ ဆံသားကျိုးတာတွေ၊ ဆံလုံးသား သေးသွားတာတွေ ဖြစ်စေပါတယ်။

၎- စိုနေတဲ့အချိန်မှာ ဖြီးခြင်း
ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ထိလွယ်ရှလွယ်ဆုံး ဖြစ်တာကြောင့် ရေစိုကြီးနဲ့ဖြီးတာဟာ လုံးဝ မလုပ်သင့်ပါဘူး။ အကောင်းဆုံးနည်းကတော့ ရေမချိုးခင်ကတည်းက ဖြီးထားပါ။ ခြောက်အောင် သုတ်တဲ့နေရာမှာလည်း တအားကြီး ကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့။

၅- ရေနွေးနဲ့ချိုးခြင်း
ရေနွေးနဲ့ချိုးတဲ့အခါ ခေါင်းက ဆံပင်ကို မထိပါစေနဲ့။ ဆံပင် ရေဓာတ် ခန်းခြောက်စေပြီး ပိုမိုကျိုးလွယ်တဲ့၊ ကြမ်းထော်တဲ့ ဆံပင်တွေ ဖြစ်စေပါတယ်။

၆- ဆံပင်ခြောက်စက်
ဆံပင်ခြောက်စက်နဲ့ တအား အခြောက်မခံပါနဲ့။ အပူချိန်ကိုလျော့ထားပါ။

၇- နေရောင်ခြည်
နေရောင်ခြည်နဲ့ တအား အထိတွေ့မခံပါနဲ့။ နေရောင်ခြည်ဟာ ဆံပင်ရဲ့ မွှေးညင်းပေါက်လေးကစပြီး အဖျားထိ ပျက်စီးစေနိုင်ပါတယ်။

၈- ဖြည့်စွက်ပစ္စည်း
ခေါင်းလိမ်းဆီတွေ၊ ဂျဲတွေ၊ ဗီတာမင်သုံးတာတွေ အလွန်အကျွံ မလုပ်ပါနဲ့။

၉- ရောဂါ
မှိုစွဲတာ၊ ရောဂါဖြစ်တာတွေကြောင့်လည်း ဆံပင်ကျွတ်ပါတယ်။ ဒါက ဆရာဝန်နဲ့ စောစောစီးစီးပြပြီး ကုလို့ရပါတယ်။

၁၀- အစာအဟာရ
အစာအဟာရ ပြည့်ပြည့်ဝဝ မစားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရွက်နဲ့ ဥတွေ များများစားစားပါ။

၁၁- ဆေးဝါး
ဆေးဝါးတွေ အသောက်များရင်လည်း ဆံပင်တွေ ကျွတ်နိုင်ပါတယ်။

Photos & Source: sheknows

Credit: duwun



No comments:

Post a Comment