Thursday, January 28, 2016

"သင့်ကို သူဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးဆိုတာ ဒီအရာတွေက ကတိပေးသလို ဖြစ်ပေမယ့် တကယ်တော့ ဒီအချက်တွေဟာ ဘာမှ အသုံးမ၀င်ဘူးဆိုတာ"



Lutaw Lupyaw

"သင့်ကို သူဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးဆိုတာ ဒီအရာတွေက ကတိပေးသလို ဖြစ်ပေမယ့် တကယ်တော့ ဒီအချက်တွေဟာ ဘာမှ အသုံးမ၀င်ဘူးဆိုတာ"

အချစ်ရေးတစ်ခုမှာ သင့်အပေါ် သူက ဘာတွေလုပ်ပေးခဲ့ဖူးရင် သူကတော့ သင့်ကို မခွဲတော့ဘူးဆိုပြီး ကြိုတင် ခန့်မှန်းထားကြပါတယ်။ တစ်ခါတစ်လေ ကတိက၀တ်လို ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူတွေကြောင့် သင်တို့နှစ်ဦး ပြတ်မှာ မဟုတ်တော့ဘူးလို့ ထင်ပေမယ့် အဲ့ဒီအရာတွေက တကယ်တော့ ဘာမှမဟုတ်တဲ့ အရာတွေပဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ သူက သင့်ကို အမြဲ အရင် sms ပို့တတ်တယ် ဆိုရင်လည်း ဒါကို ဖီးလ်ဖြစ်နေုလို့ မရပါဘူး။ ဒါကို ကြည့်ပြီး သူ ကိုယ့်အပေါ် တကယ်ချစ်မချစ် ဆုံးဖြတ်လို့ မရပါဘူး။

၂။ သင့်မိသားစုနဲ့ သူ ခင်မင်ရင်းနှီးအောင် ဆက်ဆံတတ်တာမျိုးကလည်း သင့်ဆီကို အ၀င်အထွက် ပိုအဆင်ပြေသွားအောင် ဖြစ်ချင်ဖြစ်မှာပါ။

၃။ သူနေတဲ့ တိုက်ခန်းမှာ သင့်အ၀တ်တွေ ရှိနေသေးတာမျိုးကိုလည်း သိပ် ဖီးလ်ဖြစ်မနေပါနဲ့။ သင်ကလည်း သင့်အင်္ကျီတွေ ပြန်ယူဖို့ မေ့နေတယ်။ သူကလည်း လျှော်ဖွတ်ပေးဖို့ ပျင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၎။ သူ့ငယ်သူငယ်ချင်းတွေနဲ့ တွေ့ပြီးသွားပြီမို့ ငါကတော့ သူ့အတွက် အတည်ပါလို့ ထင်နေမယ့်အစား တစ်ခါတစ်လေ အဲ့ဒီလို ဘယ်နှစ်ယောက်လောက်ကိုများ သူ့သူငယ်ချင်ေးတွနဲ့ ပေးဆုံခဲ့ဖူးသလဲဆိုတာ တွေးရမှာပါ။

၅။ ဖေ့စ်ဘွတ်ခ်မှာ သူနဲ့ကိုယ် relationship တင်ထားပြီးပြီမို့ စိတ်အေးသွားပြီဆိုရင်လည်း ဒါဟာ စိတ်ချလို့ မရသေးတဲ့ အခြေအနေပါပဲ။

၆။ မိတ်ကပ်မလိမ်းထားတဲ့ သင့်မျက်နှာကို သူ အရှိအရှိအတိုင်း မြင်ဖူးပြီးပြီမို့ သရုပ်မှန်သိပြီး ပိုချစ်လာလိမ့်မယ် ဆိုတာကလည်း အပိုပါပဲ။

၇။ သင့်အတွက် ဟင်းချက်ပေးတာမို့ ကိုယ့်ကို သူ သိပ်ချစ်နေပြီလို့ တွေးမယ့်အစား သူ အိမ်မှာလည်း ချက်နေကျပဲလား၊ သူ့ဝါသနာကိုက ချက်ပြုတ်တာများလားလို့ တွေးပါ

ဟန်နီ

Credit: Trend Myanmar



No comments:

Post a Comment