Thursday, January 28, 2016

"တကယ်ချစ်တယ်ဆိုရင်"



Lutaw Lupyaw

"တကယ်ချစ်တယ်ဆိုရင်"

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် မင်းအပေါ် ၃ ရက်ထက် ပိုပြီး သူစိမ်းမဆန်ဘူး။ ဘာလို့လဲဆိုတော့ မင်းကို သတိရတဲ့အချိန်မှာ ၀မ်းနည်းရလို့ပါ။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် မင်းကို ကလေးလိုပဲ စိုးရိမ်စိတ်နဲ့ ပြောဆို ဆက်ဆံတတ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ တခြားလူရှေ့မှာ မဆူပူတတ်ဘူး။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် မင်းသာ အကောင်းဆုံးလို့ သူ့စိတ်ထဲမှာ အမြဲ သတ်မှတ်ထားတတ်တယ်။ တကယ်လို့ မင်းအနေနဲ့ အကောင်းဆုံး မဖြစ်ခဲ့ရင်တောင်မှ မင်းကို သူတစ်ပါးနဲ့ ဘယ်တော့မှ နှိုင်းယှဉ် အပြစ်မမြင်တတ်ဘူး။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် မင်းကို သူ့ရင်ခွင်ထဲ တယုတယ ပွေ့ဖက်လေ့ရှိတယ်။ သူ့ရဲ့နှလုံးခုန်သံကို မင်းကို ကြားစေချင်လို့ပါ။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် မင်းရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေနဲ့ သင့်မြတ်အောင် နေတတ်တယ်။ သူတို့နဲ့ အဆင်ပြေအောင် ဆက်ဆံတတ်တယ်။ သူတို့က မင်းနဲ့ ပတ်သက်နေလို့ပါ။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် သူ့ရည်းစားဟောင်းကို ဘယ်တော့မှ ရင်းနှီးစွာ မဆက်ဆံတတ်ဘူး။ ယုတ်စွအဆုံး လမ်းခွဲပြီးနောက် သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်နေသည့်တိုင်ပေါ့။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် သူ့ဖုန်းထဲမှာ မင်းနဲ့ပတ်သက်တဲ့ အရာတွေကိုပဲ အများအားဖြင့် တွေ့ရတတ်တယ်။ မင်းကို သတိရတဲ့အခါ ဖုန်းကို ထုတ်ကြည့်တတ်တယ်။

သူ မင်းကို တကယ်ချစ်တယ်ဆိုရင် ဘယ်တော့မှ မင်းကို ထားခဲ့မှာမဟုတ်ဘူး။ အခြေအနေ ဘယ်လောက် ဆိုးဆိုးပေါ့။

Credit: လက်တွဲဖော်



No comments:

Post a Comment